International Celebrity: Gymမှာ လူတွေဝိုင်းကြည့်လို့ အိမ်မှာပဲလေ့ကျင့်နေရတဲ့ ကင်ဝူဘင်း

ခုဆို အိမ်မှာပဲလေ့ကျင့်ခန်းလုပ်တော့တယ်။

play

 

KBS 2TV  နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ကင်ဝူဘင်းရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းမှုအကြောင်းကိုလည်း မေးမြန်းသွားပါတယ်။ Uncontrollably Fond ဇာတ်ကားမှာ ကင်ဝူဘင်းရဲ့ ကိုယ်ခန္ဓာဟာ ယခင်ထက်ပိုမိုတောင့်တင်းပြီး ကြွက်သားအဖုအထစ်တွေကလည်း အမျိုးသမီးထုရဲ့အသည်းကို လှုပ်ယမ်းနိုင်ခဲ့ပါတယ်။

ဝူဘင်းရဲ့ကိုယ်ခန္ဓာဟာ အရင်တုန်းက ပိန်ပိန်သွယ်သွယ်ဆိုတာ အားလုံးအသိပါပဲ။ ခုလိုတောင့်တင်းတဲ့ကိုယ်ခန္ဓာရအောင် အိမ်မှာပဲလေ့ကျင့်တယ်လို့ သိရပါတယ်။

play

 

" ကျွန်တော်လေ့ကျင့်ခန်းလုပ်ဖို့ gym သွားရင် လူတွေက ကျွန်တော့်ပုခုံးတွေကိုပဲကြည့်နေကြတာ၊ အဲ့လိုဆိုတော့ လေ့ကျင့်ဖို့ခက်လာတယ်။ ဒါကြောင့် ခုဆို အိမ်မှာပဲလေ့ကျင့်ခန်းလုပ်တော့တယ်" လို့ မင်းသားချောက ပြောပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ