International Celebrity: Gym တစ်ခုက ခရစ္စဘရောင်းကို အမည်ပျက်စာရင်းသွင်း

Time Athletic ရဲ့ ဘယ်အားကစားခန်းမကိုမှ သွားကစားလို့ မရတော့ပါဘူး။

play

 

အသက် ၂၇ နှစ်အရွယ် အဆိုတော် ခရစ္စဘရောင်းဟာ Time Athletic အားကစားရုံတစ်ခုမှာ မန်နေဂျာနဲ့ စကားများကြတဲ့အတွက် သူ့ကို ယင်းကုမ္ပဏီပိုင် အားကစားရုံတွေမှာ ကစားခွင့်ကို တစ်သက်လုံးပိတ်လိုက်တာ ဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ဟာ အရမ်းကို ရန်လိုပြီး လက်မခံနိုင်လောက်အောင် ဖြစ်တဲ့အတွက် ခရစ္စဘရောင်းနဲ့ သူ့ရဲ့သူငယ်ချင်းတစ်စုကို အမေရိကနဲ့ ကနေဒါမှာရှိတဲ့ ယင်းကုမ္ပဏီရဲ့ အားကစားခန်းမ ၁၀၀ မှာ ကစားခွင့်ပိတ်လိုက်ပါတယ်လို့ ယင်းအဖွဲ့အစည်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ခရစ္စဘရောင်းတို့ အုပ်စုဟာ အားကစားခန်းမအတွင်းရှိ ဘတ်စကက်ဘောကွင်းထဲမှာ ကစားနေစဉ်အတွင်း အချင်းချင်း အော်ဟစ်ဆဲဆိုခြင်းနဲ့ သီချင်းတွေ အကျယ်ကြီး တီးခတ်သီဆိုခြင်းများ ပြုလုပ်တဲ့အတွက် အခြားဧည့်သည်များက တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

play

 

မန်နေဂျာက သူ့ကို အသံလျှော့ဖို့ သွားပြောပေမဲ့ ခရစ္စက တောင်းဆိုမှုကို ကောင်းကောင်းမွန်မွန် မတုံ့ပြန်ဘဲ အော်ဟစ်ကာ အမျိုးသမီးကြီးကြပ်ရေးမှူးအား ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် သူမက ခရစ္စကို ထွက်သွားဖို့ ပြောဆိုတဲ့အခါမှာ သူက တံခါးကို တံတွေးနဲ့ ထွေးသွားတယ်လို့ ဆိုပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး ခရစ္စဘရောင်းရဲ့ ကိုယ်စားလှယ်တွေက  ဘာမှ ပြောကြားခြင်းမရှိသေးပါဘူး။

ခရစ္စဘရောင်းဟာ ရက်ပါ ဆိုဂျာဘွိုင်းနဲ့လည်း ဆိုရှယ်မီဒီယာမှာ ပြဿနာတွေ ဖြစ်နေကာ ကြိုးဝိုင်းထဲမှာ လက်ဝှေ့ချင်း  ယှဉ်ထိုးကြဖို့အထိ ပြောဆိုကြတဲ့အထိ ရန်ပွဲက ကြီးထွားလာခဲ့ပါတယ်။ မတ်လမှာ ပြုလုပ်မယ်ဆိုတဲ့ လက်ဝှေ့ပွဲအတွက် ဆိုဂျာဘွိုင်းကို မေဝယ်လ်သာက လေ့ကျင့်ပေးမှာ ဖြစ်ပြီး ခရစ္စဘရောင်းကိုတော့ မိုက်တိုင်ဆန်က လေ့ကျင့်ပေးမယ်လို့ ဆိုပါတယ်။

Source & Photos : Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ