International Celebrity: Harley Quinn ပုံစံတူပြင်ဆင်ထားတဲ့ ဟွမ်ဆန်အန်း

သူကတော့ လှလှပပပြင်တာပေါ့။

play

 

မကြာခင်ရုံတင်ပြသတော့မယ့် Suicide Squad ဇာတ်ကားကို စောင့်မျှော်နေသူတွေ အများအပြားရှိပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မားဂေါ့ရော့ဘီးရဲ့ဇာတ်ရုပ် ဟာလေကွင်း (Harley Quinn) က ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေး ဟွမ်ဆန်အန်းကတော့ ဒီပုံစံကို သဘောကျဟန်တူပါတယ်။

play

 

The Star မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးရာမှာ ဟာလေကွင်းရဲ့ပုံစံလို လိုက်လံပြင်ဆင်ခဲ့ပါတယ်။ အဝါရောင်ဆံနွယ်တွေကို နှစ်ဖက်ခွဲစည်းနှောင်ထားကာ တစ်ဖက်ကိုတစ်ရောင်စီ ဆေးဆိုးထားပုံက ဟာလေကွင်းရဲ့ဒီဇိုင်းပါပဲ။

play

 

အလှအပကို ဦးစားပေးသူမို့ ဟွမ်ဆန်အန်းကတော့ ဟာလေကွင်းလို ရုပ်ဆိုးတဲ့မိတ်ကပ်တွေ မလိမ်းထားပါဘူး။ ဂျစ်ကန်ကန်နဲ့ အသည်းယားစရာကောင်းမယ့် ကောင်မလေးတစ်ဦးအသွင်သာ လိမ်းခြယ်ကာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Source : The Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ