International Celebrity: Hawaii Five-0 မင်းသားချော အဲလက်စ်

သူဟာ အဆိုတော်မင်းသမီးချော ဟော်လီဗဲလန့်စ်နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပြီး လက်ရှိမှာတော့ မီဒီယာတွေက ဘယ်သူနဲ့တွဲနေတယ်လို့ တိတိကျကျဖော်ပြခြင်း မရှိသေးပါဘူး။

play

 

Hawaii Five-0 ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသားချော Alex O'Loughlin ဟာ သြစတျေးလျမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။

အဲလက်စ်ဟာ အနုပညာလောကထဲကို ၂၀၀၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Moonlight, Criminal Minds ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရာကနေ ပရိသတ်တွေအားပေးမှုကို စတင်ရရှိခဲ့တဲ့ သူဟာ ၂၀၁၀ ခုနှစ်မှာတော့ Hawaii Five-0 ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်လာခဲ့ပါတယ်။

play

 

ဇာတ်လမ်းနဲ့တစ်သားတည်းကျမှု၊  သရုပ်ဆောင်ပိုင်း ပီပြင်မှုတို့ကြောင့် အောင်မြင်မှုတွေ ဆက်တိုက်ရရှိလာခဲ့ပါတယ်။ အဲလက်စ်နဲ့အတူ Hawaii Five-0 ရုပ်ရှင်ဇာတ်လမ်းတွဲဟာလည်း အခုချိန်ထိ လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု ဖြစ်နေပြီး Season အသစ်အတွက်လည်း ဆက်လက်ရိုက်ကူးနေပါတယ်။

play

 

အဲလက်စ်ဟာ အဆိုတော်မင်းသမီးချော ဂျနီဖာလိုပက်ဇ်နဲ့အတူ The Back-up Plan ဟာသဇာတ်မြူးမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ သူဟာ အဆိုတော်မင်းသမီးချော ဟော်လီဗဲလန့်စ်နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပြီး လက်ရှိမှာတော့ မီဒီယာတွေက ဘယ်သူနဲ့တွဲနေတယ်လို့ တိတိကျကျဖော်ပြခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ