International Celebrity: HIV ပိုး အတူစစ်ခဲ့ကြတဲ့ မင်းသားဟယ်ရီနဲ့ ရီဟန်းနား

ဗုဒ္ဓဟူးနေ့ကလည်း လွတ်လပ်ရေးပွဲမှာ တွေ့ဖြစ်ခဲ့ကြပါတယ်။

play

 

ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားလေး ဟယ်ရီက ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ World Aids Day မှာ အဆိုတော်မလေး ရီဟန်းနားနဲ့အတူ HIV ပိုး စစ်ဆေးလိုတဲ့ ဘာဘာဒိုးစ်နယ်က ပြည်သူတွေကို ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

play

 

ပြီးတော့ နှစ်ယောက်အတူ စစ်ဆေးခဲ့ကြပါတယ်။ ဆေးစစ်ဖို့ သွေးဖောက်ချိန်မှာလည်း အပြန်အလှန် စနောက်နေခဲ့ကြပါသေးတယ်။ နောက်ထပ် မိနစ် ၂၀ အကြာမှာတော့ သူတို့နှစ်ဦးလုံးမှာ HIV ပိုး ကင်းစင်ကြောင်း ဆေးစစ်ချက်အဖြေ ထွက်လာခဲ့ပါတယ်။ ဒီပွဲမှာ မင်းသားဟယ်ရီက လူငယ်တွေနဲ့အတူ တရင်းတနှီး စကားပြောခဲ့ပြီး HIV/AIDS အပါအဝင် အရေးကြီးတဲ့ အကြောင်းအရာတွေကိုလည်း ပြောပြသွားခဲ့ပါတယ်။

play

 

ဘာဘာဒိုးစ် နှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်တာကြောင့် မင်းသားဟယ်ရီက ဘာဘာဒိုးစ်မှာမွေးဖွားကြီးပြင်းခဲ့သူလေး ရီဟန်းနားကိုပါ အတူပါဝင်စေခဲ့တာလည်း ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ