International Celebrity: အော်စကာဆုရှင် Hunger Games မင်းသမီးချော

ဟောလီးဝုဒ်ရဲ့ဝင်ငွေအများဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

play

 

Hunger Games မင်းသမီးချောလေး ဂျနီဖာ လောရန့်စ်ဟာ ကန်တက်ကီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို ၂၀၀၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှစတင်ကာ Marvel ရဲ့ X-Men : First Class ဇာတ်ကားမှာ Mystique ဆိုတဲ့ ရုပ်ပြောင်းစူပါဟီးရိုး မိန်းကလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ သတိထားမှုကို စတင်ခံခဲ့ရပါတယ်။

play

 

၂၀၁၂ မှာတော့ နာမည်ကြီး ဝတ္ထုကို ပြန်လည်ပုံဖော်အသက်သွင်းထားတဲ့ The Hunger Games ထိတ်လန့်သည်းဖို အက်ရှင်ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ လောရန့်စ်ဟာ House at the End of the Street, Silver Linings Playbook, American Hustle, Serena နဲ့ Joy ဇာတ်ကားတွေနဲ့လည်း အောင်မြင်လာခဲ့သူပါ။ နောက်ပိုင်းရုံတင်ပြသခဲ့တဲ့ X-Men ဇာတ်ကားတိုင်းနဲ့ The Hunger Games ဇာတ်ကားတိုင်းမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သူမဟာ သရုပ်ဆောင်ပိုင်းပိုင်နိုင်သူမို့ အနုပညာဆုတံဆိပ်များစွာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

play

 

သူမ သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများဟာလည်း အနုပညာထူးချွန်ဆုတွေ လျာထားခြင်းခံရလေ့ရှိပါတယ်။ လောရန့်စ်ဟာ မော်ဒယ်မင်းသားချောလေး နီကိုးလက်စ်ဟွိုက်နဲ့ တွဲခုတ်ခဲ့ဖူးပါသေးတယ်။

Source : Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ