တောင်ကိုရီးယားမှာ အဆိုတော်တစ်ယောက်ဖြစ်ဖို့ဆိုတာ ထရိန်နင်ကာလက အများအားဖြင့် ၃ နှစ် ၄ နှစ် ကြာတတ်ပါတယ်။ တချို့ဆိုရင် ၁၀ နှစ်ကျော်တဲ့အထိ သီချင်းဆိုခွင့် မရကြသေးပါဘူး။

ဒါပေမဲ့လည်း ဒီ Idol ၁၄ ဦးကတော့ ထရိန်နင်သက်တမ်း တစ်နှစ်မပြည့်ခင်မှာပဲ အဆိုတော်တွေဖြစ်လာပြီး အောင်မြင်မှုတွေလည်း ဆွတ်ခူးနိုင်နေသူတွေဖြစ်ပါတယ်။

၁။ miss A အဖွဲ့ဝင် ဆူဇီ (Suzy)

play

 

ဆူဇီဟာ JYP က ရွေးချယ်လိုက်တဲ့ သင်တန်းသူတစ်ယောက် ဖြစ်ပါတယ်။ လေ့ကျင့်မှု ၁၀ လသာရှိသေးချိန်မှာ JYP က သူမရဲ့အဆိုနဲ့ အကက ပရိသတ်ရှေ့မှာ ထုတ်ပြလို့ရနိုင်လောက်အောင် ကောင်းမွန်နေပြီလို့ ယူဆပြီး miss A အဖွဲ့ဝင်အဖြစ် သီချင်းစဆိုခွင့် ပြုခဲ့ပါတယ်။

၂ နဲ့ ၃။ EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Baekhyun နဲ့ Chen

play

 

EXO အဖွဲ့ရဲ့ အဓိကအဆိုတော်တွေဖြစ်တဲ့ Baekhyun နဲ့ Chen ဟာ SM Entertainment ရဲ့သင်တန်းသားတွေအဖြစ် သုံးရက်စီသာ ခြားပြီး ရောက်ရှိလာသူတွေဖြစ်ပါတယ်။ သူတို့ကို EXO နဲ့အတူ Debut လုပ်ဖို့ လေးလသာ ထရိန်နင်ပေးခဲ့ရပါတယ်။

၎။ GOT7 အဖွဲ့ဝင် ယောင်ဂျေး (Youngjae)

play

 

တခြား GoT7 အဖွဲ့ဝင်တွေက အနည်းဆုံး ၂ နှစ် ထရိန်နင်ဆင်းခဲ့ရချိန်မှာ ယောင်ဂျေးကတော့ GOT7 ရဲ့ ခေါင်းဆောင်အဆိုတော် ဖြစ်ဖို့အတွက် ၇ လသာ ထရိန်နင်ဆင်းခဲ့ရပါတယ်။ သူဟာ JYP က ရွေးချယ်ခံရချိန်မှာ အသံပိုင်းအရ ပြောစရာမရှိအောင် ပြည့်စုံနေတာဖြစ်တာမို့ အကကျင့်ဖို့ အချိန်ပဲ ပေးခဲ့ရတာပါ။

၅။ KARD အဖွဲ့ဝင် ဂျီဝူး (Jiwoo)

play

 

ဂျီဝူးကတော့ အထူးခြားဆုံးပါပဲ။ သူမဟာ KARD ရဲ့ ပထမဆုံးသီချင်း “Oh Nana” ရိုက်ကူးတဲ့နေ့မှာပဲ DSP Entertaiment မှာ အသံစစ်ဆေးဖို့ ရောက်လာခဲ့တာပါ။ သူမရဲ့အသံပါဝါက အဖွဲ့ဝင်အဖြစ် ချက်ချင်းရွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆရတဲ့အတွက် သူမကို ချက်ချင်းပဲ Debut လုပ်လိုက်တာ ဖြစ်ပါတယ်။

၆။ BIGBANG ရဲ့ Seungri

play

 

ထရိန်နင်ကာလ ၁၀ လအကြာမှာ BIGBANG ရဲ့အငယ်ဆုံး အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာသူဖြစ်ပါတယ်။

၇။ Apink အဖွဲ့ဝင် ဂျန်အန်ဂျီ (Jung Eun Ji)

play

 

ဂျန်အန်ဂျီဟာ Apink အဖွဲ့ Debut မလုပ်ခင် ၂ လအလိုမှာမှ ရွေးချယ်ခံလိုက်ရသူဖြစ်ပါတယ်။ သူမရဲ့အသံစစ်ဆေးမှုတွေကို ကုမ္ပဏီက အရမ်းကို သဘောကျတဲ့အတွက် အဖွဲ့ရဲ့ အဓိကအဆိုတော်အဖြစ် ထားဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။

၈။ Girl's Day အဖွဲ့ဝင် ယူရာ (Yura)

play

 

အထက်တန်းကျောင်းသူလေး ယူရာဟာ အေဂျင်စီ ၆၀ ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဖွဲ့ထားတာ ၂ လရှိပြီဖြစ်တဲ့ Girl's Day အဖွဲ့ဝင်ဖြစ်ဖို့ သူမဟာ တစ်လပဲ လေ့ကျင့်ခဲ့ရပါတယ်။

၉ နဲ့ ၁၀။ Super Junior အဖွဲ့ဝင်တွေဖြစ်တဲ့ Kyuhyun နဲ့ Ryeowook

play

 

Super Junior က ၂၀၀၅ ခုနှစ်မှာ တရားဝင် Debut မလုပ်ခင် သီတင်းပတ်အနည်းငယ် အလိုကမှ Ryeowook က အဖွဲ့ဝင်ဖြစ်လာတာပါ။ သူဟာ ထရိန်နင် ၂ လပဲ ဆင်းခဲ့ရပါတယ်။ တစ်နှစ်အကြာမှာ Ryewook က သူ့နေရာကို Kyuhyun ကို ပေးခဲ့ပါတယ်။ Kyuhyun ဟာ Super Junior အဖွဲ့ U သီချင်းနဲ့ ပြန်လည်သီဆိုမှုမလုပ်ခင် ၃ လသာ ထရိန်နင်ဆင်းခဲ့ရပါတယ်။

၁၁။ Wonder Girls' အဖွဲ့ဝင် ယီအန် (Yeeun)

play

 

JYP က ယီအန်ကို Wonder Grils' အဖွဲ့ရဲ့ နောက်ဆုံး အဖွဲ့ဝင်နေရာအတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ အဖွဲ့ထဲကို ချက်ချင်းဝင်ခဲ့တာဖြစ်ပြီး ထရိန်နင် လုံးဝမဆင်းခဲ့ရပါဘူး။

၁၂။ VIXX အဖွဲ့ဝင် Hyuk

play

 

Hyuk ဟာဆိုရင်လည်း ၃ လသာ ထရိန်နင် ဆင်းခဲ့ရပါတယ်။

၁၃။ Lovelyz အဖွဲ့ဝင် Yein

play

 

Yein ဟာ အစက အကသမားတစ်ယောက်ဖြစ်ပါတယ်။ အလယ်တန်းကျောင်းသူဘဝမှာ ခြေကျင်းဝတ်ဒဏ်ရာရလို့ အကကို ရပ်ခဲ့ရတာပါ။ အဲဒီနောက် သူမဟာ ဂီတကျောင်းတစ်ကျောင်းမှာ တက်ခဲ့ပါတယ်။ အဲဒီအကျိုးကျေးဇူးကြောင့် အသံစစ်ဆေးမှု အောင်မြင်ခဲ့ပြီး ထရိန်နင် လေးလသာ ဆင်းခဲ့ရကာ Lovelyz အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

၁၄။ DAY6 ရဲ့ ဒိုဝန်း (Dowoon)

play

 

DAY6 ရဲ့တခြားအဖွဲ့သားတွေက 5Live ဆိုတဲ့ နာမည်နဲ့ နှစ်နဲ့ချီ ထရိန်နင်ဆင်းခဲ့ရပေမယ့် DAY6 ရဲ့ ဒရမ်မာသမား ဒိုဝန်းကတော့ လအနည်းငယ်သာ ထရိန်နင်ဆင်းခဲ့ရပြီး ၂၀၁၅ မှာ DAY6 ရဲ့ Debut မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Source : Soompi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video