International Celebrity: iHeartRadio မှာ ငယ်မူငယ်သွေးအပြည့်နဲ့ ဖျော်ဖြေခဲ့တဲ့ ဘရစ်တနေစပီးယားစ်

, updated

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို မပြောင်းမလဲ သွက်လက်နေဆဲပါ။

play

 

လတ်စ်ဗီးဂတ်စ်မှာ ပြုလုပ်ခဲ့တဲ့ iHeartRadio ဂီတပွဲတော်မှာ ဖျော်ဖြေခဲ့သူတွေထဲက အလန်းဆုံးကို လက်ညှိုးညွှန်ရမယ်ဆိုရင် ဘရစ်တနေစပီးယားစ်ကို ပြရပါလိမ့်မယ်။ အသက် ၃၄ နှစ်အရွယ် ကလေးနှစ်ယောက်မိခင်က ငယ်မူငယ်သွေးအပြည့်နဲ့ သွက်လက်တက်ကြွစွာ ဖျော်ဖြေသွားခဲ့ပါတယ်။

play

 

အနက်ရောင် ဒူးဖုံးဒေါက်မြင့်ဖိနပ်ကို ငှက်မွှေးနဲ့လုပ်ထားတဲ့စကတ်တိုတိုလေးနဲ့ တွဲဝတ်ကာ စင်ပေါ်ကို ရောက်လာခဲ့ပါတယ်။ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မနားတမ်းသီဆိုကာ သူမရဲ့ထုံးစံအတိုင်း မြူးမြူးကြွကြွနဲ့ ကပြသွားခဲ့ပါသေးတယ်။

play

 

ယမန်နှစ်ကစလို့ ဘရစ်တနေဟာ ခန္ဓာကိုယ်ကို သေသေချာချာ ပြန်လည်ဂရုစိုက်လာခဲ့တာကြောင့် ငယ်စဉ်တုန်းကလိုပဲ ပြန်လည်လှပနေတာကိုလည်း မြင်တွေ့ရပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ