AD
AD
AD
play

 

ကမ္ဘာတစ်ဝန်းမှာ ISIS ရဲ့ တိုက်ခိုက်မှုတွေနဲ့ တရစပ်ရင်ဆိုင်နေရတဲ့အချိန်မှာ ပဲရစ်ဟီတန်က သူမဟာလည်း မွတ်စလင်အစွန်းရောက်စစ်သွေးကြွအုပ်စုဖြစ်တဲ့ ISIS ရဲ့ ပြစ်မှတ်ဖြစ်လာနိုင်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ရုပ်သံမင်းသမီးဟောင်းဖြစ်ပြီး ယခု အီဘီဇာမှာ ဒီဂျေသမားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ပဲရစ်ဟီတန်ဟာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ပြင်သစ်နဲ့ ဂျာမနီက အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့နေပြီး သတိထားနေနေရတယ်လို့ ဆိုပါတယ်။

play

 

"ဖြစ်ပျက်နေတာတွေက ကြောက်စရာကြီး။ နိစ်နဲ့ ဂျာမနီဖြစ်သါားတဲ့ တိုက်ခိုက်မှုတွေက တော်တော်ဆိုးတယ်။ ကျွန်မကို စိတ်ပျက် ကြောက်ရွံ့စေတဲ့အရာပါ။ ကျွန်မက ခရီးခဏခဏသွားတဲ့သူဖြစ်တော့ အဲဒီအကြောင်းတွေးမိတိုင်း ကြောက်မိတယ်" လို့ သူမက ဆိုခဲ့ပါတယ်။

play

 

ဒါပေမဲ့ လွတ်လပ်မှုကို နှစ်သက်တဲ့ သူမဟာ တခြားဆယ်လီတွေလို ဘော်ဒီဂတ်တွေ တလှေကြီးတော့ မထားဘူးလို့ ဆုံးဖြတ်ထားကြောင်း ပြောခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD