International Celebrity: IU နဲ့ တွဲရတာ စိတ်ပူမိခဲ့တယ်လို့ လီဂျွန်ကီပြော

ဒီဇာတ်ကားမှာ ကန်ဟာနူးနဲ့ EXO အဖွဲ့ဝင် ဘတ်ဟွန်းတို့လည်း ပါဝင်ထားပါသေးတယ်။

play

 

Scarlet Heart : Ryeo ဇာတ်ကားမှာ အဆိုတော် IU နဲ့ တွဲပြီး သရုပ်ဆောင်ခဲ့စဉ်က သူမရဲ့သရုပ်ဆောင်မှုကို စိတ်ပူမိခဲ့တယ်လို့ တောင်ကိုရီးယားမင်းသား လီဂျွန်ကီက ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

play

 

" ရိုးရိုးသားသားပြောမယ်ဆို အစပိုင်းတုန်းက IU ရဲ့ သရုပ်ဆောင်မှုအပေါ် စိတ်ပူခဲ့မိတယ်။ သူမက အရင်ဇာတ်ကားတွေမှာ သူ့အစွမ်းကိုပြခဲ့တာကိုး။ သူမက ခေါင်းဆောင်နေရာလောက်နီးပါး သရုပ်ဆောင်ရမှာဆိုတော့ သူရောကျွန်တော်ပါ ဖိအားတွေအရမ်းများလိမ့်မယ်လို့ ထင်ခဲ့မိတာ" လို့ လီဂျွန်ကီက ဆိုပါတယ်။ ရိုက်ကူးရေးစတာနဲ့ သူမရဲ့အပိုင်းကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်လို့ IU အပေါ် ပိုမိုယုံကြည်လာခဲ့တယ်လို့လည်း ပြောပါတယ်။

play

 

Scarlet Heart : Ryeo ဒရာမာဇာတ်လမ်းတွဲမှာ ကန်ဟာနူးနဲ့ EXO အဖွဲ့ဝင် ဘတ်ဟွန်းတို့လည်း ပါဝင်ထားပါသေးတယ်။ သြဂုတ် ၂၉ ရက်မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ