International Celebrity: အခင်ဆုံးသူငယ်ချင်း ဆောလီရဲ့အကြောင်းကို သီချင်းရေးစပ်သီဆိုတဲ့ IU

Red Queen ဆိုတာ ဆောလီကို ပြောတာပါတဲ့...

play

 

အဆိုတော် သရုပ်ဆောင်လေး IU ဟာ သီချင်းတွေကို ရေးဖွဲ့ရာမှာလည်း ထူးချွန်သူပါ။ သူမရဲ့ပါရမီကတော့ ခင်မင်ရင်းနှီးသူတွေအကြောင်းကို သီချင်းလှလှလေးတွေအဖြစ် ဖန်တီးအသက်သွင်းတတ်တာပါပဲ။

play

 

နောက်ဆုံးထွက်ရှိထားတဲ့ CHAT-SHIRE အယ်လ်ဘမ်အကြောင်းကို အင်တာဗျူးဖြေကြားရာမှာလည်း အယ်လ်ဘမ်ထဲက Red Queen သီချင်းဟာ ဆောလီကို ရည်ညွှန်းရေးသားခဲ့တာလို့ ပြောပါတယ်။ ဒါကလည်း ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Peach သီချင်းကလည်း ဆောလီအကြောင်းပါပဲတဲ့။ လှပတဲ့မိန်းကလေးတစ်ဦးကို မြင်မြင်ချင်း ချစ်သွားမိတဲ့ ယောက်ျားတစ်ယောက်အကြောင်းကို ရေးစပ်ရာမှာ ဆောလီကို လှပတဲ့မိန်းကလေးနေရာက သက်ဝင်ခံစားပြီး ရေးစပ်သီဆိုခဲ့တယ်လို့ ဆိုပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ