International Celebrity: လီဟိုရီအတွက် အမေရိကကနေ အထူးလက်ဆောင်ဝယ်လာပေးတဲ့ IU

ဘာဖြစ်မယ် ထင်လဲ။

တောင်ကိုရီးယားရဲ့ နာမည်ကျော်အဆိုတော်မလေးတွေဖြစ်ကြတဲ့ လီဟိုရီ (Lee Hyori) တို့စုံတွဲနဲ့ IU တို့ဟာ Hyori's Home Stay ဆိုတဲ့ ပရိုဂရမ်လေးကို အတူလုပ်နေတာဖြစ်ပြီး လီဟိုရီက IU ဝယ်လာတဲ့ လက်ဆောင်လေးကို ပြသခဲ့တာဖြစ်ပါတယ်။

play

 

IU ဟာ အမေရိကမှာ သူမရဲ့မောင် ဘွဲ့ယူတာကို တက်ရောက်ဖို့အတွက် သွားခဲ့ချိန်မှာ လီဟိုရီတို့စုံတွဲက သူမကို လွမ်းနေကြတာပါ။

လီဟိုရီနဲ့ လီဆန်ဆွန်းတို့ဟာ နားနေချိန်မှာတောင် IU အကြောင်းပြောကြ၊ IU ဆီကို မက်ဆေ့ပို့ကြနဲ့ အလွမ်းသယ်ခဲ့ကြပါတယ်။

play

 

"ဒီမှာ ကောင်းကင်ကြီးက ပြာနေတယ်။ ဒါပေမဲ့ ဂျယ်ဂျူးလောက် မလှဘူး။ ရှင်တို့တွေ ဘာလုပ်နေမလဲလို့ ကျွန်မတွေးနေမိတယ်" လို့ IU ကလည်း သူတို့ကို ပြန်ပြီး မက်ဆေ့ပို့ခဲ့ပါတယ်။

IU က သူမပြန်လာချိန်မှာတော့ လီဟိုရီတို့အတွက် လက်ဆောင်ပေးခဲ့ပါတယ်။ လီဟိုရီအတွက်ကတော့ ဆက်စီကျလှတဲ့ ပန်းရောင် အတွင်းခံဘောင်းဘီလေးကို ဝယ်လာခဲ့တာဖြစ်ပါတယ်။

IU က ချစ်ဖို့လည်းကောင်းသလို နောက်ပြောင်တတ်သူလေးပါပဲ။

play

 

အသက် ၂၃ နှစ်အရွယ် မိန်းမချောလေး IU ဟာ အလယ်တန်းကျောင်းသူအရွယ်ကတည်းက အဆိုတော်တစ်ယောက် ဖြစ်ချင်စိတ် ပြင်းပြခဲ့ပြီး Talent Agency တွေမှာ သွားရောက်ပြီး အသံစစ်ဆေးခံခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ LOEN Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ သူမဟာ အသက် ၁၅ နှစ်အရွယ်မှာတင် ပထမဆုံး အယ်လ်ဘမ် Lost and Found ကို စထုတ်ခဲ့ပါတယ်။

အဲဒီနောက် ထပ်မံထုတ်လုပ်လိုက်တဲ့ Growing Up နဲ့ IU...IM အယ်လ်ဘမ်တွေနဲ့ သူမဟာ အောင်မြင်မှုရရှိလာခဲ့ပါတယ်။  ဧပြီလ ၂၁ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ IU ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဟာ Pallette ချက်ချင်းပဲ ကြည့်ရှုသူအများဆုံးစာရင်းမျာ ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။

IU ဟာ ဂီတလုပ်ငန်းအပြင် ရေဒီယိုနဲ့ ရုပ်သံရှိုးတွေမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သလို ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ