AD
AD
AD

IU ဟာ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ Kim Jonghyun ကွယ်လွန်သွားပြီး ရက်အနည်းငယ်အကြာ ဖျော်ဖြေပွဲတစ်ခုမှာ ငိုကြွေးခဲ့တာဖြစ်ပါတယ်။

play

 

IU ဟာ သီးသန့်ပါတီတစ်ခုမှာ သီဆိုဖျော်ဖြေခဲ့တာပါ။ Jonghyun သေဆုံးတာ ပူပူနွေးနွေးသာ ရှိသေးပေမဲ့လည်း IU ဟာ တစ်ချိန်လုံး ပြုံးနေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ IU ဟာ ပူဆွေးသောကရောက်နေသေးတဲ့အတွက် အနက်ရောင်ကိုသာ တစ်ကိုယ်လုံး ဆင်မြန်းထားပါတယ်။

အဲဒီပွဲမှာ IU က သီချင်းများစွာကို သီဆိုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Meaning of You သီချင်းကို သီဆိုချိန်မှာတော့ သူမရဲ့ခံစားချက်ကို ထိန်းမထားနိုင်တော့ပါဘူး။

သီချင်းသီဆိုရင်း မျက်ရည်တွေ စီးကျလာပြီး သီချင်းကို ဆက်လက်သီဆိုနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပေမဲ့ သီချင်းကို အဆုံးသတ်လို့တောင် မရနိုင် ဖြစ်ခဲ့ပါတယ်။

play

 

ဒီသီချင်းဟာ IU နဲ့ Jonghyun တို့အတွက် အမှတ်တရသီချင်းတစ်ပုဒ်ပါ။ ၂၀၁၅ ခုနှစ်က IU ဟာ Jonghyun ရဲ့ တစ်ကိုယ်တော်ပွဲကို Surprise Guest အဖြစ် ရောက်ရှိလာခဲ့ပြီး Meaning of You သီချင်းကို သီဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Jonghyun တစ်ယောက် သေကြောင်းကြံစည်ခဲ့ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာလ ၂၁ ရက်) မှာတော့ သူ့ရဲ့ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊ ရင်းနှီးသူတွေအပြင် K-poper အများအပြားလည်း လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD