International Celebrity: Jingle Ball မှာ ဖျော်ဖြေရင်း မွေးနေ့ပွဲတစ်ပါတည်းလုပ်လိုက်ရတဲ့ ဘရစ်တနေစပီးယားစ်

Lucky အဆိုတော်မလေးက ခုဆို အသက် ၃၅ နှစ် ရှိပါပြီ။

play

 

ပေါ့ပ်အဆိုတော်လေး ဘရစ်တနေစပီးယားစ်ရဲ့ ယခုနှစ်မွေးနေ့ပွဲဟာ ဖျော်ဖြေပွဲစင်မြင့်ပေါ်မှာ အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ အသက် ၃၅ နှစ်ပြည့်သွားတဲ့ ဘရစ်တနေက သူမရဲ့မွေးနေ့ပါတီအစား KIIS FM က ပြုလုပ်တဲ့ ခရစ္စမတ်ဖျော်ဖြေပွဲ (Jingle Ball) မှာ သီဆိုဖျော်ဖြေနေခဲ့တာပါ။

play

 

လော့စ်အန်ဂျလိစ်မြို့ရဲ့ Staples Center မှာ ဖျော်ဖြေစဉ် ဆယ်ကျော်သက်ဘဝက ဆံပင်ပုံစံအတိုင်း နှစ်ဖက်ခွဲစည်းနှောင်ကာ ငယ်မူငယ်သွေးအပြည့်နဲ့ တင်ဆက်သွားခဲ့ပါတယ်။ သီချင်းတွေဆိုလို့အပြီးမှာတော့ အစီအစဉ်တင်ဆက်သူ ရိုင်ယန်စီးခရက်စ်က ဘရစ်နေကို မွေးနေ့ကိတ်ကြီးနဲ့ အံ့အားသင့်စေလိုက်ပါတယ်။ တီနာရှီရဲ့ ဦးဆောင်မှုနဲ့ ပရိသတ်တွေက မွေးနေ့သီချင်း အတူသီဆိုပေးခဲ့ကြလို့ ဒီနှစ်မွေးနေ့ဟာ ဘရစ်တနေအတွက် မမေ့နိုင်မယ့် အမှတ်တရနေ့ ဖြစ်နေပါလိမ့်မယ်။

Source : Us Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ