SHINee အဖွဲ့ဝင် Jonghyun ရဲ့ဈာပနအခမ်းအနားကို သူ့ရဲ့ပရိသတ်တွေ တက်ရောက်နိုင်ဖို့အတွက် SM Entertainment က စီစဉ်ပေးလိုက်ပြီး ကျန်အဖွဲ့သားတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

play

 

Asan Medical Center Funeral Home ရဲ့ ပထမထပ်၊ အခန်း ၃ မှာ Jonghyun ကို ပရိသတ်များက လာရောက် ဂါရဝပြုနိုင်ကြောင်း SM Entertianment က ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းမှာ ကြေညာလိုက်ပါတယ်။

SHINee အဖွဲ့ဝင် ၄ ဦးကလည်း Jonghyun ရဲ့ဈာပနမှာ အတူတကွရှိနေနိုင်ဖို့အတွက် သူတို့ရဲ့အစီအစဉ်အားလုံးကို ဖျက်ထားတယ်လို့ သိရပါတယ်။

Jonghyun ရဲ့အလောင်းကိုတော့ ယင်းဆေးရုံကနေ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကိုရီးယားစံတော်ချိန် ၉ နာရီမှာ သယ်ဆောင်မယ်လို့လည်း သိရပါတယ်။

play

 

K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ဝင် Jonghyun ဟာ ဒီဇင်ဘာလ ၁၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီ မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Joghyun ကို ဂန်နမ်းဂုအရပ်ရှိ တိုက်ခန်းတစ်ခန်းမှာ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက တွေ့ရှိခဲ့ပါတယ်။ သူ့ကို ဆေးရုံကို အလျင်အမြန်ပို့ခဲ့သော်လည်း သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်  Jonhyun ကို လဲကျလျက်တွေ့ရှိခဲ့ရတဲ့ အခန်းထဲမှာတော့ အကြော်အိုးတစ်ခုထဲမှာ မီးလောင်နေတဲ့ ကျောက်မီးသွေးတွေထည့်ထားတာကို လည်း တွေ့ရှိပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့သေကြောင်းကြံနည်းတစ်မျိုးဖြစ်ပါတယ်။

ကျောက်မီးသွေးတောင့်က ကာဗွန်မိုနောက်ဆိုဒ်ထုတ်နိုင်တာဖြစ်လို့ အဲဒီအငွေ့ကို ရှူပြီး ကိုယ့်ကိုယ်ကိုယ် သေကြေားကြံစည်ကြတာ ဖြစ်ပါတယ်။

Source : allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video