AD
AD
AD

တောင်ကိုရီးယားအဆိုတော်အဖွဲ့ SHINee အဖွဲ့ဝင် Jonghyun ရဲ့နောက်ဆုံးခရီးကို မိသားစု၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Jonghyun တစ်ယောက် ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် SHINee အဖွဲ့ဝင်တွေဖြစ်တဲ့ Onew, Minho, Key နဲ့ Taemin တို့က ကျန်ရစ်သူရဲ့မိသားစုကိုယ်စား ဈာပနကို ဦးဆောင်ပေးခဲ့ကြပါတယ်။

ဈာပနချတဲ့ ဒီနေ့ (ဒီဇင်ဘာလ ၂၁ ရက်) မှာလည်း  သူတို့နဲ့အတူ Super Junior အဖွဲ့ဝင်တွေဖြစ်တဲ့ Leeteuk, Eunhyuk နဲ့ Donghae တို့က Jonghyun ရဲ့ရုပ်ကလပ်ကို သယ်ဆောင်ခဲ့ကြပါတယ်။

play

 

Girls’ Generation, Red Velvet, Super Junior နဲ့ အခြားသော Kpoper တွေလည်း လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ဈာပနအခမ်းအနားကို ကြည့်ရှုဖို့အတွက် ပရိသတ်များစွာလည်း တက်ရောက်ခဲ့ကြပြီး Jonghyun အပေါ် သူတို့ရဲ့ချစ်ခင်မှုကို ပြသခဲ့ကြပါတယ်။

K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ဝင် Jonghyun ဟာ ဒီဇင်ဘာလ ၁၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီ မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

play

 

Joghyun ကို ဂန်နမ်းဂုအရပ်ရှိ တိုက်ခန်းတစ်ခန်းမှာ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက တွေ့ရှိခဲ့ပါတယ်။ သူ့ကို ဆေးရုံကို အလျင်အမြန်ပို့ခဲ့သော်လည်း သူ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။

play

 

အသက် ၂၇ နှစ်အရွယ်  Jonhyun ကို လဲကျလျက်တွေ့ရှိခဲ့ရတဲ့ အခန်းထဲမှာတော့ အကြော်အိုးတစ်ခုထဲမှာ မီးလောင်နေတဲ့ ကျောက်မီးသွေးတွေထည့်ထားတာကို လည်း တွေ့ရှိပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့သေကြောင်းကြံနည်းတစ်မျိုးဖြစ်ပါတယ်။

ကျောက်မီးသွေးတောင့်က ကာဗွန်မိုနောက်ဆိုဒ်ထုတ်နိုင်တာဖြစ်လို့ အဲဒီအငွေ့ကို ရှူပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ကြတာ ဖြစ်ပါတယ်။

Source : allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD