AD
AD
AD

သေကြောင်းမကြံခင်မှာ Jonghyun ရေးခဲ့စာကို ဖတ်ပြီးတဲ့နောက်မှာတော့  အခြား K-pop Idol တွေလည်း Jonghyun ရဲ့ခံစားချက်တွေက သူတို့ခံစားရတာတွေနဲ့ တူနေတယ်ဆိုတာ သိလိုက်ရပါတယ်။

play

 

APINK အဖွဲ့ဝင် Eunji ကတော့ သူမနဲ့ သိတဲ့ ဆယ်လီအများအပြားဟာ Jonghyun ရဲ့ စိတ်ကျဝေဒနာကို နားလည်ပြီး အဲဒါဟာ ဘယ်လောက်ခက်ခဲလဲဆိုတာ သဘောပေါက်ကြောင်း ဖွင့်ဟလာပါတယ်။

"(Jonghyun သေဆုံးသွားပြီဆိုတဲ့) ဝမ်းနည်းစရာသတင်းကို ကြားကြားချင်းမှာ သတင်းအမှားဖြစ်ပါစေလို့ မျှော်လင့်မိတယ်။ ကျွန်မ Jonghyun နဲ့ မခင်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့အတွက် သူ့အတွက် ခံစားရပါတယ်။

ကျွန်မတို့က မရင်းနှီးပေမဲ့ သူ့သတင်းကြားရတော့ မျက်ရည်ကျမိတယ်။ ကြောက်လန့်သွားမိတာကတော့ သူ သေကြောင်းကြံရတဲ့ အကြောင်းရင်းရေးထားတဲ့ စာပါပဲ။ ကျွန်မရဲ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ ဆယ်လီတွေကလည်း သူ့ရဲ့စကားလုံးတွေက သူတို့ခံစားရတာတွေနဲ့ အရမ်းနီးစပ်တယ်လို့ ပြောကြတယ်" လို့ Eunji က ဆိုထားပါတယ်။

ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်စေဖို့ မျှော်လင့်ကြောင်းနဲ့ ဖျော်ဖြေရေးလောကကလူတွေဟာ စိတ်ရော၊ ခန္ဓာကိုယ်ရော ကျန်းမာတဲ့နေရာဖြစ်အောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်း Eunji က ဆိုထားပါတယ်။

play

 

Jonghyun မသေမီ ရေးခဲ့တဲ့စာဟာ လူအများအပြားရဲ့နှလုံးသားကို ထိရှစေခဲ့ပါတယ်။ အဲဒီထဲမှာ Jonghyun ဟာ ဘယ်လောက်အထိ စိတ်ဓာတ်ကျနေရကြောင်း၊ အားလုံးရဲ့ အခြေခံက နာမည်ကြီးရခြင်းကြောင့် ဖြစ်ကြောင်း ရေးသားထားတာပါ။

"ကျွန်တော် ဘာကြောင့်သေတာလဲလို့ မေးရင်တော့ အဖြေကတော့ ကျွန်တော် ခြေကုန်လက်ပန်းကျသွားလို့ပါပဲ။ ကျွန်တော် ခံစားခဲ့ရတယ်၊ တွေဝေခဲ့တယ်။  ခြေကုန်လက်ပန်းကျပြီး နာကျင်နေတာကို ချမ်းမြေ့ပျော်ရွှင်မှုအဖြစ် ဘယ်လိုပြောင်းရမလဲ ကျွန်တော် မသိဘူး။ နာကျင်မှုပဲရှိတယ်။ ဒီလိုမလုပ်ဖို့ သူတို့က ကျွန်တော့်ကို အော်တယ်။

ဘာကြောင့်လဲ ကျွန်တော် အဆုံးသတ်ချင်တဲ့ နည်းလမ်းနဲ့ ဘာလို့ အဆုံးမသတ်နိုင်ရတာလဲ။ ဘာကြောင့် ကျွန်တော် နာကျင်ရတာလဲဆိုတာကို ရှာဖွေဖို့ သူတို့က ပြောတယ်။ ကျွန်တော်လည်း ကောင်းကောင်းသိတာပေါ့။ ကျွန်တော့်ကြောင့် ကျွန်တော် နာကျင်ရတာ။

အားလုံးက ကျွန်တော့်အမှားတွေ။ ကျွန်တော့်ရဲ့လိုအပ်ချက်ကြောင့်ဖြစ်တာ။ ဒေါက်တာရေ..ခင်ဗျားကြားချင်တာ အဲဒါလား။ မဟုတ်ဘူး။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ငြင်သာတဲ့အသံလေးက ကျွန်တော့်ရဲ့ပင်ကိုစရိုက်ကို အပြစ်တင်နေချိန်မှာ  ဆရာဝန်ဖြစ်တာ လွယ်လိုက်တာလို့ ကျွန်တော် တွေးနေမိတယ်။

ကမ္ဘာကြီးနဲ့ အချင်းများဖို့က ကျွန်တော့်အတွက် မဟုတ်ဘူး။ ကျော်ကြားတဲ့ဘဝက ကျွန်တော့်အတွက် ဘယ်တော့မှ မဟုတ်ခဲ့ဘူး။ နာကျင်ရတဲ့ အဓိက အကြောင်းရင်းက အဲဒါပဲ။ ကျွန်တော် နာမည်ကြီးလို့ပဲ။ ဘာလို့များ ကျွန်တော် ဒါကို ရွေးချယ်မိပါလိမ့်။ အရမ်းကို ရယ်စရာကောင်းတယ်။ ကျွန်တော် ဘာကြောင့် ဒီလောက်ထိ နေနိုင်တာလဲဆိုတာ အံ့သြစရာဖြစ်နေတယ်" လို့ Jonghyun ရဲ့စာထဲမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Jonghyun တစ်ယောက် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာလ ၂၁ ရက်) မှာတော့ သူ့ရဲ့ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊ ရင်းနှီးသူတွေအပြင် K-poper အများအပြားလည်း လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Source Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD