AD
AD
AD

SHINee အဖွဲ့ဝင် Jonghyun ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ပြီးတဲ့နောက်မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Key က Jonghyun အတွက် ရည်ရွယ်ရေးသားထားတဲ့စာကို အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။

play

 

သူရေးထားတဲ့စာရဲ့ အဓိပ္ပာယ်ကတော့...

"Hyung ရေ..ငါ Kibum ပါ။ မနေ့ကမှ မင်းနဲ့ ငါနဲ့တွေ့တယ်။ ဒီနေ့ မင်းရဲ့နောက်ဆုံးခရီးကို လိုက်ပို့ရတယ်။ ဒီအဖြစ်အပျက်ကို ငါမယုံနိုင်သေးဘူးကွာ။

ငါ အလုပ်တွေ အရမ်းများတဲ့အတွက် မင်းရဲ့ဘေးနားကို အချိန်မီ ရောက်မလာနိုင်ခဲ့တာ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ မင်း အထီးကျန်နေချိန်မှာ ညီအစ်ကိုတစ်ယောက်လို ငါ မင်းဘေးနားမှာ မရှိနိုင်တာ တောင်းပန်ပါတယ်။

အဖွဲ့ထဲမှာ မင်းနဲ့ငါက ခေါင်းအမာဆုံးလူတွေ။ ဒါကြောင့် ငါတို့မှာ ငါတို့ဖြစ်ချင်တာတွေရှိတယ်။ အဆုံးသတ်မှာ မင်းဘယ်အချိန်သွားမယ် ဘာလုပ်မယ်ဆိုတာကို မင်းဘာသာမင်း ဆုံးဖြတ်တယ်။

အစပိုင်းမှာ ငါအရမ်းနာကျင်ခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံး ၃ ရက်မှာတော့ မင်းနဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။ မင်းဘာလို့ ဒီလိုလုပ်ခဲ့တယ်ဆိုတာကို ငါ နားလည်စပြုပြီလို့ ထင်တယ်။

ငါတို့ကို ထားခဲ့ရတဲ့အတွက် စိတ်မပူပါနဲ့။ မင်းအမေနဲ့ မင်းအစ်မကို ငါ့မိသားစုလိုပဲ စောင့်ရှောက်ပါ့မယ်။ ငါ မင်းကို အရမ်းလွမ်းနေမှာပါ။ ငါဝမ်းနည်းမိတာက မီတင်တွေတိုင်းမှာ ငါ့ရဲ့စိတ်ကူးတွေကို အားပေးခဲ့တဲ့သူက အခုမရှိတော့ဘူးကွာ။

မီတင်တိုင်းမှာ မင်းနဲ့ ငါပဲ စကားတွေ ပြောခဲ့ကြတာလေ။ မင်းမရှိဘဲ အချိန်တွေကုန်ဆုံးနိုင်ဖို့နဲ့ အခုထက်ပိုပြီး ကောင်းကောင်းနေနိုင်ဖို့ ငါကြိုးစားပါ့မယ်။

ငါအသက်ကြီးလာတဲ့အခါ မင်းနဲ့ငါ ပြန်တွေ့တဲ့အခါ ငါလည်း ကောင်းကောင်းလုပ်ခဲ့တယ်လို့ ငါ့ကို ပြောပေးပါနော်။ ငါ့ဘဝရဲ့အကောင်းဆုံး အနုပညာရှင်၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက် Jonghyun ရေ..မင်းကောင်းကောင်း လုပ်ခဲ့ပါတယ်ကွာ။ ငါ မင်းကို အရမ်းချစ်တယ်"

play

 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Jonghyun တစ်ယောက် သေကြောင်းကြံစည်ခဲ့ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာလ ၂၁ ရက်) မှာတော့ သူ့ရဲ့ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊ ရင်းနှီးသူတွေအပြင် K-poper အများအပြားလည်း လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD