International Celebrity: Justice League ထဲမှာ မီရာအဖြစ်မြင်တွေ့ရတဲ့ အမ်ဘာဟတ်

, updated

Justice League ပရိသတ်အတွက် ထုတ်လွှင့်လိုက်တဲ့ အမ်ဘာဟတ်(မီရာ)ရဲ့ဓာတ်ပုံသစ်ပါ။

play

 

Justice League ပရိသတ်တွေအတွက် မီရာအဖြစ် မြင်တွေ့ရတဲ့ အမ်ဘာဟတ်ရဲ့ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မီရာဟာ အားလုံးသိကြတဲ့အတိုင်း အတ္တလန္တစ် ဘုရင်မ၊ Aquaman ရဲ့ဇနီးပါ။

play

 

ပင်လယ်ပြင်ကြီးရှေ့မှာရှိတဲ့ ကျောက်တုံးတွေဘေးမှာ ရပ်နေတဲ့ အမ်ဘာဟတ်ရဲ့ပုံစံက တကယ့်ကို ခံ့ညားထယ်ဝါလှပါတယ်။

play

 

ဒါရိုက်တာ ဇက်ခ်စနီဒါဟာ Aquaman ရဲ့ဇာတိမြို့ အမ်နက်စတီဘေးအတွက် ရေပေါ်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့ အိုက်စလန်နိုင်ငံကို သွားမယ်လို့ သိရပါတယ်။

play

 

Game of Thrones ထဲမှာ ခါးလ်ဒရာဂိုအဖြစ်ပါဝင်ထားတဲ့ ဂျေဆန်မွန်မိုရာက မီရာရဲ့ခင်ပွန်း Aquaman အဖြစ် သရုပ်ဆောင်ထားကာ Batman (ဘန်အက်ဖလက်ခ်) နဲ့ Wonder Woman (ဂဲလ်ဂဒေါ့တ်) တို့နဲ့ ပူးပေါင်းကာ ကမ္ဘာကြီးကို ကယ်တင်ကြမှာဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ