International Celebrity: K-Pop ဘုရင် အဆိုတော် G-Dragon

ကျောင်းသားဘဝတစ်လျှောက်မှာလည်း သီချင်းဆိုခြင်းနဲ့ပတ်သက်ပြီး စဉ်ဆက်မပြတ် ပြုလုပ်လေ့ရှိပါတယ်။

play

 

K-Pop ဘုရင်လို့တင်စားကြတဲ့ တေးရေးဆရာ အဆိုတော် G-Dragon ဟာ ဘူဆန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၅ နှစ်အရွယ်ကတည်းက အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူပါ။ ကျောင်းသားဘဝ တစ်လျှောက်မှာ လည်း သီချင်းဆိုခြင်းနဲ့ပတ်သက်ပြီး စဉ်ဆက်မပြတ် ပြုလုပ်လေ့ရှိပါတယ်။

play

 

သူ ဟာ ၂၀၀၆ ခုနှစ်မှာတော့ Big Bang ယောက်ျားလေး အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးအဖြစ် တရားဝင် ပါဝင်ခဲ့ပါတယ်။ Big Bang အဖွဲ့အနေနဲ့ရော တစ်ကိုယ်တော်တေးသီချင်းတွေ သီဆိုမှုအနေနဲ့ပါ အာရှမှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးမှာ နာမည်ကြီး အောင်မြင်လျက်ရှိတဲ့ GD ဟာ Big Bang အဖွဲ့ဝင် T.O.P နဲ့ရော Taeyang နဲ့ သီးသန့် တေးသီချင်းများသီဆိုပြီး သီချင်းဗီဒီယိုတွေလည်း ထွက်ရှိခဲ့ပါသေးတယ်။

play

 

 Big Bang အဖွဲ့နဲ့ 2NE1 အဖွဲ့ဟာ YG Entertainment လက်အောက်ကနေပြီး မကြာခဏ တေးသီချင်းတွေ အတူတူပြုလုပ်လေ့ရှိသလို ရှိုးပွဲတွေမှာလည်း တွဲဖက်ပြီး မကြာခဏတွေ့ရတတ်ပါသေးတယ်။ အမြဲတမ်း ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းတွေနဲ့ တွေ့ရလေ့ရှိတဲ့ GD ဟာ Big Bang အဖွဲ့ရဲ့ ဖက်ရှင်အကျဆုံး အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းလည်းခံရသူပါ။

play

 

နာမည်ကြီး Magazine Cover တွေနဲ့ တခြား ဖက်ရှင်ပုံရိပ်တွေမှာလည်း မကြာခဏ ပါဝင်ခွင့်ရသူဖြစ်ပြီး ကမ္ဘာ့ နာမည်ကြီး ဖက်ရှင်ရှိုးပွဲတွေကို တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ခြင်းခံရလေ့ရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းအချို့နဲ့ ရုပ်သံ အစီအစဉ် တော်တော်များများမှာ ပါဝင်လေ့ရှိတဲ့ GD ဟာ ကိုယ်ပိုင်ကော်ဖီဆိုင်လေးတစ်ခု အပျော်တမ်း ဖွင့်လှစ်ထားပြီး အဲဒီကော်ဖီဆိုင်လေးမှာ မကြာခဏ ရှိနေတတ်တယ်လို့လည်းဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ