International Celebrity: K-pop အဆိုတော်တွေထဲမှာ ခါးအသေးဆုံး အဆိုတော်မလေး

ဘယ်သူလို့ထင်လဲ။

သူမဟာ တောင်ကိုရီးယားဖျော်ဖြေရေးကဏ္ဍမှာ ခါးအသေးဆုံးသူတစ်ဦးအဖြစ် နာမည်ကြီးသူဖြစ်ပြီး ဒီပုံတွေ ကြည့်ခြင်းအားဖြင့် ဒီသတင်းဟာ ဖြစ်နိုင်တယ်လို့ ဆိုရပါမယ်။

play

 

AOA အဖွဲ့ဝင် မီနာဟာ ကိုယ်အလေးချိန် ၉၄ ပေါင်ပဲ ရှိတယ်လို့ သူမရဲ့အင်စတာဂရမ်ကနေ ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေက အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ပေါ့ပါးလွန်းလှတဲ့ ခန္ဓာကိုယ်လိုပဲ ခါးလေးကလည်း သေးသွယ်လှတယ်ဆိုတာကို  MBC ရဲ့ Weekly Idol အစီအစဉ်မှာ ပြောပြခဲ့ဖူးပါတယ်။ သူမရဲ့ခါးရဲ့အတိုင်းအတာက ၁၉ လက်မပဲ ရှိပါတယ်တဲ့။

play

 

နုနယ်လှပပြီး ကြည့်လို့ကောင်းတဲ့ သူမဟာ ဒီလောက်အထိ ပေါ့ပါးကာ ခါးလေးအရမ်းသေးနေလိမ့်မယ်ဆိုတာ ဘယ်သူမှ မယုံနိုင်အောင် ဖြစ်ကြရပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် မီနာဟာ AOA အဖွဲ့၍် အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ  Modern Farmer (2014) နဲ့ All About My Mom (2015) အပါအဝင် ဇာတ်လမ်းတွဲ အတော်မျာများမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Sourec : koreaboo

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ