play

ဗုဒ္ဓဟူးညက လန်ဒန်မြို့မှာ ပြသခဲ့တဲ့ Lion ဇာတ်ကား အထူးပွဲကို ရောက်ရှိလာတဲ့ နစ်ကိုးကစ်မန်းရဲ့အလှဟာ အားလုံးထက်ပိုပြီး တောက်ပနေခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် မင်းသမီးကြီးက အနက်ရောင်ဝတ်စုံနဲ့ ကျက်သရေရှိရှိလှနေခဲ့တာကို တွေ့မြင်ရပါတယ်။

play

 

ပေါင်လယ်လောက်ကနေ အောက်အထိ တောက်လျှောက်ခွဲထားတဲ့ ခွဲကြောင်းက တော်ရုံလူနဲ့ဆို အမြင်ရိုင်းသွားလောက်ပါတယ်။ ဒါပေမဲ့ နစ်ကိုးရဲ့ တင့်တယ်တဲ့ဟန်ပန်ကြောင့် ဒီဝတ်စုံဟာ သူမနဲ့ လိုက်ဖက်ညီစွာရှိနေပြီး ကော်ဇောနီထက်မှာ ဝင့်ကြွားစရာဖြစ်လာခဲ့ပါတယ်။

play

 

Lion ဇာတ်ကားထဲက ဆူးဘရိုင်ရာလေ နေရာမှာ နစ်ကိုးကစ်မန်းက သရုပ်ဆောင်ခဲ့တာပါ။ ဆာရူးဆိုတဲ့ကောင်လေးဟာ ရထားပေါ်မှာပျောက်ဆုံးသွားပြီး အိမ်နဲ့မိုင်ပေါင်းများစွာဝေးတဲ့ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ကိုရောက်သွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာမှ Google Earth ကြောင့် အိမ်ကို ပြန်ရောက်သွားတဲ့အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာ ၂၅ ရက်မှာ စတင်ပြသတော့မှာပါ။

Photo : Gotceleb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video