International Celebrity: Little Mix ရဲ့အခြားအဖွဲ့ဝင်တွေထက် ပိုကြမ်းပြလိုက်တဲ့ ပယ်ရီအက်ဒ်ဝက်

သူတို့ရဲ့ ၆ လကြာ ဖျော်ဖြေရေးခရီးစဉ် နောက်ဆုံးညမှာ ဖြစ်ပါတယ်။

play

 

Little Mix အဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂၇ ရက်ညမှာ ပြုလုပ်တဲ့ သူတို့ရဲ့ ၆ လကြာ ဖျော်ဖြေရေးခရီးစဉ် နောက်ဆုံးညမှာ ဆက်စီအကျဆုံး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

play

 

ဆီကွင့်တွေထိုးထားတဲ့ နက်ပြာရောင် ဇာအသားကပ်ဝတ်စုံကို ပိုက်ကွန်ခြေအိတ်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ X-factor ပြိုင်ပွဲဝင်ဟောင်းတွေရဲ့ အစွမ်းကုန်ကြိုးစားမှုဟာ ပရိသတ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် ပယ်ရီအက်ဒ်ဝက်ဟာ အားလုံးကို ဦးဆောင်ရင်း အရံအကသမားတစ်ဦးနဲ့တွဲလို့ ဆက်စီအကျဆုံးအကကို ကပြခဲ့ပါတယ်။

play

 

Little Mix အဖွဲ့ဟာ မတ်လ ၂၀၁၆ ကနေစပြီး ဥရောပ၊ အိုရှန်နီးယားနဲ့ အာရှကို လှည့်လည် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

play

 

သူတို့ရဲ့ခရီးစဉ် နောက်ဆုံးဖျော်မှုကို ဗြိတိန်နိုင်ငံ၊ နယူးမားကတ်မြို့ မြင်းပြိုင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ