play

 

ဂျက်စီနယ်လ်ဆန်၊ ပယ်ရီအက်ဒ်ဝက်၊ ဂျိတ်ဒ်သဲလ်ဝေါနဲ့ လင်းအန်းပင်နော့ခ်တို့ပါဝင်တဲ့ Little Mix အဖွဲ့ဟာ သူတို့ရဲ့အတိတ်ကို ပြန်လည်တူးဆွရတာ အရမ်းကို ခံစားရပေမဲ့ "Our World" ဆိုတဲ့ စာအုပ်သစ်ကို ရေးသားလိုက်ပါတယ်။

"ကျွန်မတို့အားလုံးအတွက် ခက်ခဲပေမဲ့ တစ်ချိန်တည်းမှာပဲ ကုထုံးတစ်ခုလို ဖြစ်ခဲ့တယ်" လို့ ဂျေစီက ဆိုပါတယ်။

play

 

သူမတို့ရဲ့စာအုပ်ဟာ အလားတူ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ပရိသတ်တွေကို အထောက်အကူပေးလိမ့်မယ်လို့လည်း Little Mix က မျှော်လင့်ထားပါတယ်။

"ကျွန်မတို့ကို အရမ်းသဘောကျတဲ့ ပရိသတ်တွေနဲ့ ကျွန်မတို့လို ပြဿနာတွေ ကြုံတွေ့နေရတဲ့ မိန်းမငယ်လေးတွေ ဒီစာအုပ်ကို ဖတ်ကြဖို့အတွက်ပါ" လို့ ဂျေစီက ပြောပါတယ်။

play

 

"ကျွန်မတို့တွေ ရည်းစားတွေနဲ့ ကွဲခဲ့ကြတယ်။ အနိမ့်ကျဆုံးနေရာမှာ နေခဲ့ရတယ်။ ဒါပေမဲ့ အချင်းချင်း ကူညီပြီး အားအကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မဟာ ကံအကောင်းဆုံးမိန်းကလေးပါ။ အခု ကျွန်မနေထိုင်နေတာ အိပ်မက်တစ်ခုဖြစ်ပေမဲ့ ပါရမီအရှိဆုံးသူ ၃ ဦးနဲ့ အတူနေရတယ်" လို့ လင်အန်းက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video