International Celebrity: Little Mix က မြှူဆွယ်လွန်းတယ်လို့ ဆိုလိုက်တဲ့ Spice Girl အဖွဲ့ဝင်ဟောင်း မယ်လ်စီ

နာမည်ကြီးလာလေလေ ပိုပိုပြီး ဆက်စီကျလေပဲလို့ ဆိုပါတယ်။

play

 

X Factor မိန်းကလေးအဖွဲ့ Little Mix ဟာ နာမည်ကြီးလာတာနဲ့ အမျှ ဆက်စီလည်း ပိုကျလာတယ်လို့ မယ်လ်ဆီက ဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မယ်လ်ဆီက သူတို့အဖွဲ့ကို လုံးဝမနှစ်မြို့လို့ အခုလိုပြောတာ မဟုတ်ပါဘူး။ မယ်လ်ဆီဟာ ပယ်ရီအက်ဒ်ဝက်နဲ့ အဖွဲ့ရဲ့ အမာခံပရိသတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"Little Mix ကို သဘောကျတယ်။ X Factor မှာတုန်းက သူတို့ကို တော်တော်သဘောကျခဲ့တာ။ တော်တော်လေး ပြောင်းလဲသွားတယ်လို့ပဲ ကျွန်မတွေးမိတာပါ" လို့ သူမက ဆိုပါတယ်။

play

 

"ဒါပေမဲ့ သူတို့က ပိုပြီး မြှူဆွယ်တဲ့ပုံပေါက်လာတယ်။ ကျွန်မတွေ့သမျှမှာတော့ သူတို့က Spice Girls နဲ့ အတူဆုံးပါပဲ။ သူတို့အားလုံးက လှပပြီး အဆိုလည်း ကောင်းကြတယ်" လို့ မယ်လ်စီက ပြောခဲ့ပါတယ်။

play

 

"ဒါပေမဲ့ သူတို့က ဆက်စီမကျခဲ့ဘူး။ အခု ပိုပိုဆိုးလာတယ်။ သူတို့ကို ချစ်ပါတယ်။ ဒီအတိုင်းပဲနေပါလို့ပဲ ပြောချင်တာ" လို့ မယ်လ်စီက ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ