International Celebrity: LV ကြော်ငြာထဲက ချစ်စရာကောင်မလေး ဆယ်လီနာဂိုးမက်ဇ်

2016 Met Gala ပွဲကိုလည်း ရိုးရိုးလေးဝတ်လာပြီး LV အိတ်လေးကိုင်ကာ ပွဲတက်ခဲ့ပါသေးတယ်။

play

 

ကမ္ဘာကျော် လူသုံးကုန်အမှတ်တံဆိပ် Louis Vitton ဟာ ဒီတစ်ကြိမ်မှာတော့ ချစ်စရာကောင်မလေးနဲ့ ကြော်ငြာခဲ့ပါတယ်။

အဆိုတော်လေး ဆယ်လီနာဂိုးမက်ဇ်ဟာ LV ရဲ့ အသစ်ထွက်ရှိမယ့် Series 5 ထုတ်ကုန်တွေအတွက် သောကြာနေ့မှာ ကြော်ငြာရိုက်ကူးပေးခဲ့တာပါ။ မွှေးပွခေါင်းဆောင်းလေးနဲ့ အနက်ရောင်သားရေဂျာကင်ကို တွဲဖက်ဝတ်ဆင်ကာ သူမ ကြော်ငြာမယ့်အိတ်ကလေးနဲ့ ဓာတ်ပုံရိုက်ထားတာ ဖြစ်ပါတယ်။ ဆောင်းရာသီအတွက် ရည်ရွယ်တဲ့ထုတ်ကုန်တွေမို့ ဆောင်းရာသီဖက်ရှင်ကို ရွေးချယ်ထားပုံပါပဲ။

play

 

လေယာဉ်ကွင်းမှာရိုက်တဲ့ပုံကတော့ ခရီးသွားတော့မယ့်ဒီဇိုင်းနဲ့ပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျတဲ့ အပြင်အဆင်နဲ့လည်း ဆယ်လီနာက စတိုင်ကျကျ လှနေခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ