International Celebrity: အနုပညာကြေး ညှိနှိုင်းတာအဆင်ပြေလို့ M:I6 ရိုက်တော့မယ့် တွမ်ခရုစ်

အနုပညာကြေးပြဿနာကြောင့် အကြိုရိုက်ကူးရေးအစီအစဉ်ကိုတောင် ရပ်ထားခဲ့ရတာပါ။

play

 

တွမ်ခရုစ်ဟာ အီသန်ဟန့်တ်အဖြစ် ထပ်မံသရုပ်ဆောင်ဦးမယ့်ပုံပါပဲ။

စက်တင်ဘာလ ၁၇ ရက်နေ့မှာ အသက် ၅၄ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီး တွမ်ခရုစ်ဟာ Mission: Impossible 6 အတွက် လက်မှတ်ထိုးဖို့ အရမ်းကို နီးစပ်နေပြီလို့ Hollywood Reporter မှာ ဖော်ပြထားပါတယ်။

play

 

အနုပညာကြေးနဲ့ ပတ်သက်ပြီး တွမ်ခရုစ်နဲ့ Paramount ထုတ်လုပ်ရေးကြားမှာ သဘောတူညီမှု မရနိုင်သေးတဲ့အတွက် အကြိုရိုက်ကူးရေးအစီအစဉ်ကိုတောင် နားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ အားလုံးပြေလည်သွားပြီလို့ သိရပါတယ်။

play

 

အစက ၂၀၁၇ ဇန်နဝါရီလမှာ စရိုက်ဖို့ စီစဉ်ထားတဲ့ ဒီဇာတ်ကားကို အခုတော့ ၂၀၁၇ နွေဦးရာသီ ( မတ်လကနေ ဇွန်လအတွင်း) မှပဲ ရိုက်ဖြစ်တော့မှာ ဖြစ်ပါတယ်။

play

 

တွမ်ခရုစ်ဟာ ရိုက်ကူးပြသပြီးခဲ့တဲ့ M:I ရုပ်ရှင်ဇာတ်ကားအားလုံးမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ