International Celebrity: ကာရာဒယ်လဗင်းရဲ့ အမိုက်စား Mannequin Challenge

အန္တရာယ်လည်းများပါတယ်။

play

Mannequin Challenge ဟာ အင်တာနက်ပေါ်မှာ ရေပန်းစားနေခဲ့တာ သီတင်းပတ်အနည်းငယ် ရှိနေပါပြီ။ ပုံမှန်အတိုင်း လှုပ်ရှားနေကြရင်း ရုတ်တရက် ရပ်တန့်ကာ မလှုပ်မရှားဘဲနေပုံကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်နေကြတာဖြစ်ပါတယ်။ မလှုပ်မရှားဘဲ သဘာဝကျကျ ရုပ်သေပုံစံလုပ်ရတာ မလွယ်လှပါဘူး။ မော်ဒယ် သရုပ်ဆောင် ကာရာဒယ်လဗင်းရဲ့ Mannequin Challenge ကတော့ အခြားလူတွေထက် ပိုလန်းပါတယ်။

 

Chateau Marmon ဟိုတယ်မှာ ကာရာနဲ့အတူ မိတ်ဆွေတစ်သိုက် ပါဝင်ဆင်နွှဲခဲ့ကြတာပါ။ စားသောက် ပျော်ရွှင်နေကြသူတွေ၊ စကားပြောနေသူတွေ၊ ကခုန်နေသူတွေဟာ ကျောက်ရုပ်တွေလို မလှုပ်မရှားဖြစ်သွားခဲ့ကြပါတယ်။ ကာရာကတော့ စားပွဲပေါ်မှာတက်ပြီး ကခုန်နေရင်း ရပ်တန့်သွားပုံနဲ့ ပါဝင်ထားပါတယ်။ အန္တရာယ်များတဲ့ ကိုယ်နေဟန်ထားနဲ့ ငြိမ်သက်နေရတာ တော်ရုံနဲ့တော့ လုပ်လို့မရပါဘူး။

Source : Nylon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ