International Celebrity: ဆက်စီအကျဆုံးမော်ဒယ် စတယ်လာမက်စ်ဝဲလ်ရဲ့ Maxim Hot ပွဲတက်ဖက်ရှင်

VS ရဲ့ ထိပ်တန်းစူပါမော်ဒယ် စတယ်လာမက်စ်ဝဲကို ကမ္ဘာ့ဆက်စီအကျဆုံးမော်ဒယ်လို့ Maxim က ညွှန်းဆိုခဲ့ပါတယ်။

play

 

အလန်းဆုံးမော်ဒယ်တွေကိုသာ ပွဲထုတ်တဲ့ Maxim မဂ္ဂဇင်းရဲ့ 2016 Maxim Hot 100 ပါတီကို စနေညက ဟောလိဝုဒ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဆက်စီအကျဆုံးမော်ဒယ်အဖြစ် Maxim မဂ္ဂဇင်းက ရွေးချယ်ဖော်ပြခံရတဲ့ စတယ်လာမက်စ်ဝဲတော့ ပွဲရဲ့အဓိကပုဂ္ဂိုလ်တွေထဲက တစ်ဦးပေါ့။

play

 

Victoria's Secret ရဲ့ ထိပ်တန်းမော်ဒယ် စတယ်လာက ဒီပွဲမှာ အနက်ရောင်ဇာစပ်ဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ်။ အင်္ဂလိပ်အက္ခရာ Z ပုံသဏ္ဍန်မျိုး ဖွင့်ချပြထားတဲ့ဝတ်စုံက ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို ပေါ်နေစေပေမယ့် အမြင်ရိုင်းတာမျိုးတော့ ဖြစ်မနေပါဘူး။

play

ခပ်ရှင်းရှင်းဒေါက်မြင့်ဖိနပ်တစ်ရံကလည်း သူမရဲ့အရပ်အမောင်းနဲ့ ကိုယ်ထည်ကို ပိုမိုထင်ရှားစေခဲ့တာအမှန်ပါ။

Source : Zimbio

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ