International Celebrity: ကြက်ကြော်ကြိုက်တဲ့ ကင်မ်ကာဒါရှီယန်ကို McDonald က ဒစ်စကောင့်ကတ်တစ်အိတ် လက်ဆောင်ပေး

ပျားရည်ထဲကို ကြက်သားတုံးလေးတွေ နှစ်စားရတာကို ကင်မ်က ကြိုက်တယ်လို့ ဆိုပါတယ်။

play

 

ကမ်ဟာ သူမရဲ့ဝက်ဘ်ဆိုဒ်မှာ McDonald က ကြက်သားတုံးလေးတွေ (chicken nugget) ကို နှစ်ခြိုက်ကြောင်း ပြောလိုက်တဲ့အတွက် McDonald ရဲ့ အမှုဆောင်အရာရှိတွေက ပျော်ရွှင်သွားကြပြီး လက်ဆောင်အနေနဲ့ Givenchy ပိုက်ဆံအိတ်တလုံးနဲ့ အိတ်ထဲမှာ ဒစ်စကောင့်ကတ်တွေအပြည့် ထည့်ပြီး လက်ဆောင်ပေးလိုက်ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ဟာ McDonald က ပေးပို့လိုက်တဲ့ စာတစ်စောင်နဲ့အတူ လက်ဆောင်တွေကို ဗီဒီယို ရိုက်ကူးပြီး Snapchat ကနေ မျှဝေခဲ့ပါတယ်။

play

 

"ချစ်ရပါသော ကင်မ်..ခင်ဗျားရဲ့ အကြိုက်ဆုံး fast food တွေထဲမှာ ကျွန်တော်တို့လည်း ပါဝင်တယ်လို့ ကြားရတာ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်" လို့ အစချီထားတဲ့ စာရှည်ကြီးတစ်စောင်ကို McDonald က ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ကင်မ်က အခုချိန်မှာ ကိုယ်အလေးချိန်ချဖို့ အစားအသောက်အရမ်းဆင်ခြင်နေတဲ့အတွက် fast food တွေ စားရမှာ အပြစ်ရှိသလို ခံစားရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ