International Celebrity: ဆယ်လီတွေရဲ့ Met Gala ဖက်ရှင်ကို ဟာသလုပ်ထားတဲ့ ၀တ်စုံတွေ

လူတိုင်း ငေးမောခဲ့ရတဲ့ တေလာဆွစ်ရဲ့ LV ဝတ်စုံကိုလည်း အလွတ်မပေးပါဘူး။

play

 

တနင်္လာနေ့ညက နယူးယောက်ခ်မှာ ပြုလုပ်ခဲ့တဲ့ Met Gala ပွဲဟာ ယခင်နှစ်တွေလိုပဲ ဂီတနဲ့ရုပ်ရှင်နယ်ပယ်က သရုပ်ဆောင်တွေနဲ့ စည်ကားခဲ့ပါတယ်။ အနုပညာနယ်ပယ်ထဲက ဆယ်လီတွေဟာ လှသထက်လှအောင် ပြင်ဆင်လာကြတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဒီဇိုင်းဆန်းဆန်းတွေနဲ့ လှပတဲ့ဖက်ရှင်တွေကို ဘရာဇီးနိုင်ငံက ဖက်ရှင်ဘလော့ဂါတစ်ဦးက ဟာသဝတ်စုံတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ သူ့ရဲ့ဟာသဖက်ရှင်ဗီဒီယိုက johndrops အမည်နဲ့ အင်စတာဂရမ်မှာ တင်ထားတာပါ။

play

 

နစ်ကီမနာ့ခ်ျရဲ့ အနက်ရောင်ဂါဝန်ကို သူက ကျွတ်ကျွတ်အိတ်အမည်းတွေနဲ့ ချုပ်ထားပါတယ်။

play

 

လူတိုင်း ငေးမောခဲ့ရတဲ့ တေလာဆွစ်ရဲ့ LV ဝတ်စုံကိုလည်း အလွတ်မပေးပါဘူး။

play

 

ကိတ်ဟတ်ဆန်ရဲ့ အဖြူရောင်ဂါကိုတောင် စက္ကူတွေနဲ့ ချူပ်ထားသလားလို့ ပြန်ငေးရတဲ့အထိပါပဲ။

play

 

စူပါမော်ဒယ်ကာလီကလော့စ် ကိုင်ထားတာ လက်ကိုင်အိတ်လေးပါ။ သူကတော့ ပလတ်စတစ်တုံးတစ်ခုကို ခပ်တည်တည်ပဲ ကိုင်ထားပါတယ်။

Source : Johndrops Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ