International Celebrity: Milan Fashion Week မှာ ထူးခြားတဲ့ဒီဇိုင်းနဲ့ အီရီနာရှေး

အဝတ်အစားတွေအပြင် ဆံပင်ပုံစံကပါ ထူးခြားနေပါတယ်။

play

 

အီရီနာရှေးဟာ ရှိုးပွဲအတော်များများက လျှောက်လမ်းပေါ်မှာ လူတွေကို ပါးစပ်အဟောင်းသား  ဖြစ်စေခဲ့သူပါ။

play

 

စက်တင်ဘာလ ၂၂ ရက်မှာ ပြုလုပ်တဲ့ Milan Fashion Week မှာပြုလုပ်တဲ့ Moschino ရဲ့ SS17 ရှိုးပွဲမှာလည်း အီရီနာရှေးက ရာဇဝင်မရိုင်းစေခဲ့ပါဘူး

play

 

သူမရဲ့ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကို ရင်သပ်ရှုမောဖွယ် ဝတ်စုံနှစ်စုံနဲ့ ပြသသွားပြီး အသက် ၃၀ နှစ်အရွယ် မော်ဒယ်မလေးဟာ အားလုံးရဲ့ အာရုံကို ဖမ်းစားလိုက်ပြန်ပါတယ်။

play

 

အီရီနာဟာ Fashion Week များစွာမှာ ရှိုးပွဲ အများအပြား လျှောက်လှမ်းခဲ့ရသူဖြစ်ပြီး မကြာခင်က Vogue Russia မျက်နှာဖုံးမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။

"ကျွန်မနိုင်ငံရဲ့ Vouge စက်တင်ဘာလထုတ်မှာ ပါဝင်ရတာ ဂုဏ်ယူပါတယ်" လို့ စူပါမော်ဒယ်မလေးက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ