International Celebrity: မီချီဂန်က Miss America အတွက် ရွေးချယ်လိုက်တဲ့ တရုတ်အမျိုးသမီး ရုပ်ဆိုးတယ်လို့ တရုတ်တွေဝေဖန်

သူမဟာ Miss America ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် တစ်ဦးတည်းသော တရုတ်-အမေရိကန် အမျိုးသမီးဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် အာရီယန်နာကွန်ဟာ စက်တင်ဘာလမှာ ကျင်းပမယ့် Miss America ပြိုင်ပွဲမှာ မီချီဂန်ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ နယူးဂျာစီပြည်နယ်၊ အတ္တလန္တစ်မြို့မှာ ပြုလုပ်မယ့် အလှမယ်ပြိုင်ပွဲမှာ သူမဟာ တစ်ဦးတည်းသော တရုတ်-အမေရိကန် အမျိုးသမီးလည်း ဖြစ်ပါတယ်။

play

 

ပေကျင်းမြိုကမှာ မွေးဖွားပြီး အသက် ၆ နှစ်မှာ အမေရိကန်ကို ပြောင်းလာတဲ့ အာရီယန်နာဟာ အသက် ၁၄ နှစ်မှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူလိုက်ပါတယ်။

play

 

တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးကို ကျွမ်းကျင်တဲ့ အေရီယန်နာဟာ Rock The Vote ရဲ့ သံတမန်အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်ပြီး ဒီနှစ်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲပေးဖို့အတွက် စာရင်းပေးဖို့ တိုက်တွန်းချင်သူလည်း ဖြစ်ပါတယ်။

play

 

Miss America ပြိုင်ပွဲဒိုင်တွေက ပြိုင်ပွဲဝင်အလှမယ်တွေရဲ့ တင်ဆက်ပြသမှုများ၊ အင်တာဗျူးများနဲ့ ပါရမီအပါအဝင် အရည်အချင်းများစွာကို အခြေခံရွေးချယ်တာ ဖြစ်ပါတယ်။ အာရီယန်နာကတော့ စန္ဒယားနဲ့ ဂန္ထဝင်တေးဂီတတွေ ကျွမ်းကျင်ပိုင်နိုင်စွာတီးနိုင်သူ ဖြစ်ပါတယ်။

play

 

သူမဟာ အားလုံးထက် သာလွန်တဲ့ အရည်အချင်းတွေ ရှိတဲ့အတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံသားတွေကတော့ သူမကို ဝိုင်းဝန်းကဲ့ရဲ့နေကြပါတယ်။

"ရုပ်ဆိုးလိုက်တာ။ ပြီးတော့ သူက တရုတ်လည်း မဟုတ်ဘူး" လို့ တစ်ဦးက ရေးသားထားပြီး နောက်တစ်ဦးကလည်း "သူက ၂၃ နှစ် ဟုတ်လား။ ဘာလို့ ၄၃ နှစ်အရွယ် ဖြစ်နေရတာလဲ" လို့ ရေးထားပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ