အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ညက ကျင်းပတဲ့ Miss Universe ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေ ယှဉ်ပြိုင်ခဲ့ကြပြီး တောင်အာဖရိကအလှမယ် Demi-Leigh Nel-Peters ကတော့ Miss Universe ဆုကြီးကို ဆွတ်ခူးရရှိသွားပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် Nel-Peters က သရဖူကို သိမ်းပိုက်နိုင်ခဲ့ပြီး First runner-up ဆုကို ကိုလမ်ဘီယာအလှမယ် Laura González နဲ့ Second runner-up ဆုကို ဂျမေကာအလှမယ် Davina Bennett တို့က ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဆန်ကာတင်ဝင်ခဲ့တဲ့ ၁၃ နိုင်ငံကတော့ ထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ဂရိတ်ဗြိတိန်၊ အမေရိက၊ ဘရာဇီး၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနဲ့ တရုတ်တို့ပဲဖြစ်ပါတယ်။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဂုဏ်အယူရဆုံး ကိုယ့်ရဲ့အရည်အချင်းကဘာလဲ၊ အဲဒီအရည်အချင်းကို Miss Universe တစ်ယောက်အနေနဲ့ ဘယ်လိုအသုံးချမလဲဆိုတဲ့ မေးခွန်းကို သူမက အလှပဆုံး ဖြေဆိုနိုင်ခဲ့ပါတယ်။

play

 

"Miss Universe တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တစ်သီးပုဂ္ဂလအဖြစ် ယုံကြည်မှုရှိရပါမယ်။ Miss Universe ဟာ အကြောက်တရားများစွာကို ကျော်လွှားနိုင်တဲ့ မိန်းမတစ်ယောက်၊ အခြားအမျိုးသမီးတွေ သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီနိုင်တဲ့သူဖြစ်ရမယ်။ သူမဟာ တောင်းဆိုမှု များတယ်ဆိုတာ ဘယ်တော့မှ မရှိဘူးဆိုတဲ့ မိန်းမတစ်ယောက်ပါ။ အဲဒါက ကျွန်မပဲလို့ ကျွန်ထင်တယ်" လို့ သူမက ဖြေခဲ့ပါတယ်။

Miss Universe 2017 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် အလှမယ် ဇွန်သံစဉ်က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Source : Eonline

Postby

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video