International Celebrity: Monsta X အဖွဲ့သားသုံးဦး ကားမတော်တဆမှုဖြစ်ပွား

ကံသီပေလို့ပေါ့...

play

 

Monsta X အဖွဲ့သားသုံးဦးဟာ တစ်ကားတည်း အတူစီးလာရင်း ကားမတော်တဆမှု အသေးစား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်က ဘူဆန်မြို့ တိုးလ်ဂိတ် (မြို့ဝင်ကြေးကောက်ခံသည့်နေရာ)မှာ မှာ ဖြစ်ပွားခဲ့တာပါ။ ကားပေါ်မှာ ကီဟွန်း၊ ဝန်ဟိုနဲ့ ဟျောင်ဝန်းတို့ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

play

 

ကံကောင်းထောက်မစွာနဲ့ပဲ သုံးယောက်လုံး ထိခိုက်မှုမရှိခဲ့ဘူးလို့ Starship အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ