International Celebrity: Moon Lover ဇာတ်ကားကို နှုတ်ဆက်တော့မယ့် ဆိုဟွန်း

ဝူဟီးမင်းသမီးနေရာမှာ ပါဝင်ထားပါတယ်။

play

 

လက်ရှိ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Scarlet Heart: Ryeo (Moon Lover) ဇာတ်ကားမှာ ပါဝင်နေတဲ့ Girls' Generation အဖွဲ့ဝင် ဆိုဟွန်းရဲ့ ဇာတ်ကောင်ကို မကြာခင်မှာပဲ နှုတ်ဆက်ရပါတော့မယ်။ အခြားဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပေမယ့် ဒီလိုမျိုး ဒရာမာကားကြီးမှာ ပါဝင်ရတာ ပထမဆုံးပါပဲ။

play

 

ဆိုဟွန်းဟာ Moon Lover ဇာတ်လမ်းတွဲမှာ ဝူဟီးမင်းသမီးနေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာတော့ သူမရဲ့ဇာတ်ရုပ်ကို နှုတ်ဆက်ရတော့မယ့်အကြောင်းကို အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

play

 

" နှုတ်ဆက်ပါတယ်.. ဝူဟီးမင်းသမီး။ ဝူဟီးမင်းသမီးကို ချစ်ခင်တဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆိုပြီး သူမရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားဖော်ပြထားတာ တွေ့ရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ