International Celebrity: Moonlight ဇာတ်ကားနဲ့ပတ်ဘိုဂမ်ကို အားပေးတဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို

ဆောင်းဂျွန်ကီနဲ့ ပတ်ဘိုဂမ်တို့က သူငယ်ချင်းအရင်းတွေပါ။

play

 

လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Moonlight Drawn Clouds ဇာတ်ကားဟာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ စိတ်ဝင်တစား ကြည့်ရှုကြတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးက မင်းသား ပတ်ဘိုဂမ်ရဲ့ သရုပ်ဆောင်မှုကိုလည်း အားပေးကြောင်း ပြသခဲ့ပါသေးတယ်။

play

 

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့နှစ်ယောက်က Moonlight Drawn Clouds ရိုက်ကွင်းဆီကို ကော်ဖီကားတစ်စီး စေလွှတ်ကာ ဒါရိုက်တာတွေဖြစ်တဲ့ ဘတ်ဆန်ဟွန်း၊ ကင်စီဟျောင်းတို့ကို ဂုဏ်ပြုခဲ့ကြသလို ပတ်ဘိုဂမ်ကိုပါ ချီးမြှောက်အားပေးခဲ့ကြပါတယ်။

play

ဆောင်းဂျွန်ကီနဲ့ ပတ်ဘိုဂမ်တို့က သူငယ်ချင်းအရင်းတွေဖြစ်တာကြောင့် ခုလိုအားပေးတာမဆန်းပေမယ့် ဆောင်းဟေကိုကပါ ဆောင်းဂျွန်ကီနဲ့အတူတွဲပြီး အားပေးတာကတော့ နည်းနည်းလေးဆန်းနေခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ