International Celebrity: MTV တစ်သက်တာထူးချွန်ဆုကို ရီဟားနား ရရှိ

ရီဟားနားက MTV ဆုပေးပွဲမှာ အကောင်းဆုံး တေးသီချင်းဗီဒီယိုဆု နှစ်ကြိမ်ရရှိထားခဲ့ပြီး ဂရမ်မီဆု ၈ ဆု ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play


MTV ရဲ့ တစ်သက်တာထူးချွန်ဆုကို အဆိုတော် ရီဟားနားက သြဂုတ် ၂၈ ရက်မှာ ကျင်းပပြုလုပ်မယ့် Video Music Awards (VMA) ပွဲမှာ လက်ခံရယူသွားမှာ ဖြစ်ပါတယ်။ အဆိုတော် ရီဟားနားကို တစ်သက်တာထူးချွန်ဆု ရွေးချယ်ချီးမြှင့်ကြောင်း MTV က ကြသပတေးနေ့ (သြဂုတ် ၁၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

play

 

မိုက်ကယ်ဂျက်ဆင် Video Vanguard ဆုလို့လည်းခေါ်တဲ့ MTV တစ်သက်တာထူးချွန်ဆုကို အခြား အဆိုတော်တွေဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနား၊ ဘရစ်တနေစပီးယားစ်၊ ဂျက်စတင်တင်းဘာလိတ်ခ်၊ ကာညေးဝက်စ်နဲ့ ဘီယွန်းဆေးတို့လည်း ရရှိထားခဲ့ပါတယ်။

play


ဒီဆုဟာ တေးသီချင်းဗီဒီယို နယ်ပယ်မှာ အမြင့်ဆုံးဆုလည်း ဖြစ်ပါတယ်။ ရီဟားနားက MTV ဆုပေးပွဲမှာ အကောင်းဆုံး တေးသီချင်းဗီဒီယိုဆု နှစ်ကြိမ်ရရှိထားခဲ့ပြီး ဂရမ်မီဆု ၈ ဆု ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သူမရဲ့ တေးသီချင်းအယ်လ်ဘမ် ၆၁ သန်းကျော်ကို ရောင်းချနိုင်ခဲ့ပါတယ်။ ရီဟားနားဟာ နယူးယော့ခ်မှာ ကျင်းပသွားမယ့် VMA ပွဲမှာ သီဆိုဖျော်ဖြေမှာလည်း ဖြစ်ပါတယ်။

play


ယခုနှစ် VMA ဆု ဆန်ခါတင်စာရင်းမှာလည်း ရီဟားနားရဲ့ ရက်ပါဒရိတ်ခ်နဲ့အတူ တွဲဖက်သီဆိုထားတဲ့ 'Work' နဲ့ ကယ်ဗင်ဟားရစ်နဲ့အတူ သီဆိုထားတဲ့ 'This is What You Came For' သီချင်းတွေ ပါဝင်နေပါတယ်။'Umberrla' သီချင်းနဲ့အတူ ပရိသတ်တွေ စွဲငြိခဲ့တဲ့ ရီဟားနားက Clara Lionel ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး သူမရဲ့ မွေးရပ်မြေ ဘာဘီဒိုးစ်မှာ ကျန်းမာရေးနဲ့ ရိုးရာယဉ်ကျေးမှုကဏ္ဍမှာ တိုးတက်အောင် ကူညီလုပ်ဆောင်ပေးနေပါတယ်။
Source & Photo: AFP, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ