International Celebrity: MTV တေးဂီတဗီဒီယိုဆုပေးပွဲမတက်ဘဲ ဂျူရီလုပ်နေတဲ့တေလာဆွစ်

ပြီးခဲ့တဲ့နှစ်က ဆုတွေတပြုံကြီးသိမ်းပိုက်ခဲ့ပေမဲ့ ဒီနှစ်တော့ ဆုလျာထားစာရင်းမှာတောင် ပါမလာခဲ့ပါဘူး။ ဒီကြားထဲ တေလာဆွစ်ရေးပြီး၊ ဝင်ပါဆိုပေးခဲ့တဲ့သီချင်းနဲ့ ရည်းစားဟောင်းက ဆုပါရသွားပါသေးတယ်။

play

 

တနင်္ဂနွေက နယူးယော့ခ်မှာပြုလုပ်တဲ့ MTV VMAs ဆုပေးပွဲကို တေလာဆွစ်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဆုတွေတစ်ပြုံကြီးသိမ်းပိုက်ခဲ့ပေမဲ့ ယခုနှစ် ဆုလျာထားစာရင်းမှာတောင် ပါမလာခဲ့တာကလည်း ဆုပေးပွဲကိုမတက်ဖြစ်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်မယ်။

play

 

ဒါပေမဲ့ တေလာဆွစ်ဟာ တနင်္လာနေ့မနက်မှာတော့ သာမာန်ပြည်သူတစ်ဦးရဲ့တာဝန်ကို ထမ်းဆောင်နေခဲ့ပါတယ်။ သူမရဲ့မွေးရပ်မြို့ နာ့ရှ်ဗိုင်းမှာ မြို့ခံဂျူရီတစ်ဦးအဖြစ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီတာဝန်ကို မြို့သားတိုင်းထမ်းဆောင်ရတာဖြစ်ပြီး တေလာဆွစ်ကလည်း နိုင်ငံသားတစ်ဦးရဲ့တာဝန်ကိုထမ်းဆောင်ကာ ပရိသတ်တွေရဲ့အချစ်ကို ရယူလိုက်နိုင်ခဲ့ပါတယ်။

play

 

ပြင်ဆင်ခြယ်သမှုတွေမပါဘဲ မျက်နှာပြောင်လေးနဲ့ အနက်ရောင်ဘလောက်စ်ကိုဝတ်ထားကိုလည်း တွေ့ရပါတယ်။ တေလာနဲ့အတူဆုံတွေ့ခွင့်ရသူတွေကလည်း အမှတ်တရဓာတ်ပုံတွေကိုရိုက်ကူးခွင့်ရခဲ့ပြီး လူမှုကွန်ရက်တွေပေါ်မှာ ပြန်တင်နေကြပါတယ်။

Source : Time, Twitter

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ