International Celebrity: MTV VMAs ဆုပေးပွဲစတိတ်မှာ မြင်ရဦးမယ့် ကင်မ်ကာဒါရှီယန်

ဒုတိယမြောက် တင်ဆက်ခြင်းဖြစ်လာမှာပါ။

play

 

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် 2016 MTV VMAs ဆုပေးပွဲမှာ ကင်မ်ကာဒါရှီယန်ကို ပွဲတက်သူတစ်ဦးအနေနဲ့မဟုတ်ဘဲ တင်ဆက်သူတစ်ဦးအနေနဲ့ မြင်ရဖို့ရှိပါတယ်။ ခင်ပွန်းသည် ကာညေးဝက်စ်နဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေမှုတစ်ခုခုလုပ်သွားမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

play

 

ကာညေးဝက်စ်က စင်ပေါ်မှာ ၄ မိနစ်စာ တင်ဆက်ခွင့်ရမှာဖြစ်ပါတယ်။ စင်ပေါ်မှာ မည်သည့်တင်ဆက်မှုကို ပြုလုပ်သည်ဖြစ်စေ ဒီအတိုင်းတိတ်ဆိတ်စွာ ရပ်နေသည်ဖြစ်စေ ဘာမဆိုပြုလုပ်နိုင်ခွင့်ရထားပါတယ်။ ဒါကြောင့် ကင်မ်ကာဒါရှီယန်က အဲ့ဒီ ၄ မိနစ်စာမှာ ပါဝင်မယ့်သဘောပါပဲ။ ၂၀၁၄ ခုနှစ်တုန်းကတော့ စင်ပေါ်မှာ ဆမ်စမစ်ကို ဆုတက်ပေးခဲ့ရပါသေးတယ်။

play

 

ပြီးခဲ့တဲ့နှစ်က ကာညေးဝက်စ်ဟာ စင်ပေါ်မှာ ၁၁ မိနစ်ဖျော်ဖြေခွင့်ရတော့ ၂၀၂၀ မှာ သမ္မတနေရာအတွက်ဝင်ပြိုင်မယ့်အကြောင်း ပြောသွားခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဆုနှစ်နေရာအတွက် လျာထားခြင်းလည်းခံထားရပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ