International Celebrity: Neighbors 2 အထူးပွဲကို စုံတွဲလိုက်တက်လာတဲ့ ဘရွတ်ကလင်းနဲ့ကလိုဝီမိုရက်ဇ်

Neighbors 2 : Sorority Rising ဇာတ်ကားကို ယူကေမှာ မေလ ၂၀ ရက်စပြီး ရုံတင်တော့မှာပါ။

play

 

တနင်္လာနေ့ညက လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ Neighbors 2 : Sorority Rising ဇာတ်ကား အထူးပွဲကို ကလိုဝီဂရေ့စ်မိုရက်ဇ်က သူမရဲ့ချစ်သူကို အပါခေါ်လာခဲ့ပါတယ်။

play

 

ဂါဝန်တိုလေးကို ဝတ်ထားပြီး အလှကြီးလှနေတဲ့ ကလိုဝီမိုရက်ဇ်က ဘရွတ်လင်းနဲ့ အတူရှိနေရလို့လည်း ကြည်နူးပျော်ရွှင်နေပုံပေါက်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ပြုံးရွှင်ပျော်မြူးနေကြတဲ့ လူငယ်စုံတွဲကို မြင်ရတာ အတော်လည်း လိုက်ဖက်ညီပါတယ်။

play

 

ဘရွတ်ကလင်းဟာ မင်းသမီးအချောအလှလေးနဲ့ တွဲနေကြောင်းကို လူသိအောင်ကြေညာလိုက်တာ တစ်လတောင်မပြည့်သေးပါဘူး။ ကလိုဝီလေးကတော့ ဘရွတ်ကလင်းကို သူမရဲ့ပွဲအထိကို ခေါ်လာပြီး နှစ်ဦးကြားက အချစ်ရေးကို လူတွေသိအောင် အတိအလင်းပြသခဲ့ပါတယ်။

Source & Photo : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ