AD
AD
AD

Nike က ရှူးဖိနပ်တစ်ရံကို G-Dragon အတွက် သီးသန့်ထုတ်လုပ်ပြီး လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

play

 

ဒီဖိနပ်ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာနေထိုင်တဲ့ ဒီဇိုင်နာ KB Lee က ဒီဇိုင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီရှူးဖိနပ်ကို “Flower Road” လို့လည်း အမည်ပေးထားပါတယ်။

ဒီဇိုင်နာ KB Lee က ဖိနပ်ကို အင်စတာဂရမ်မှာ တင်ထားတာဖြစ်ပြီး အနီနဲ့ အဝါရောင် ပန်းပွင့်လေးတွေ ကျဲဖြန့်ထားတဲ့ အဖြူရောင်ဖိနပ်လေးတစ်ရံဖြစ်တာကို မြင်တွေ့ရပါတယ်။

play

 

ဖိနပ်မှာ G-Dragon ရဲ့ ဖက်ရှင်ထုတ်ကုန် PEACEMINUSONE ရဲ့ အမှတ်တံဆိပ်လိုဂိုကို တပ်ထားတာ ဖြစ်ပါတယ်။

G-Dragon ဟာ PEACEMINUSONE အမည်နဲ့ ဖက်ရှင်ထုတ်ကုန်တွေကို ၂၀၁၆ အောက်တိုဘာလလက

စတင်လိုက်တာဖြစ်ပါတယ်။

play

 

G-Dragon ရဲ့နာမည်ရင်းက ကွန်ဂျီယောင် (Kwon Ji-yong) ဖြစ်ပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး ဆယ်လီတစ်ဦးဖြစ်တဲ့ G-Dragon ဟာ ရက်ပါ၊ အဆိုတော်၊ သီချင်းရေးဆရာနဲ့ ဖက်ရှင်ရှေ့ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Koreaboo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD