play

 

အမှတ်တံဆိပ်တစ်ခုကို ကြော်ငြာတဲ့အခါ အသားအရေလှပြီး ပိန်သွယ်နေတဲ့ မော်ဒယ်တွေပဲ သုံးတာက ပုံမှန်လို ဖြစ်နေပါတယ်။

ဒါပေမဲ့ အဝတ်အစား အမှတ်တံဆိပ်အချို့ဟာ နိုင်ငံအရပ်ရပ်က မိန်းကလေးတွေနဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် အရွယ်အစားမျိုးစုံကို စတင်သုံးပြီး သမားရိုးကျပုံစံထဲက ခွဲထွက်လာကြပါတယ်။

အဲဒီလို ကုမ္ပဏီတွေထဲမှာ ကမ္ဘာကျော် အားကစားအမှတ်တံဆိပ် Nike လည်း ပါဝင်ပါတယ်။

Nike ရဲ့ ကြော်ငြာသစ်ထဲမှာ ပြည့်စုံလှပတဲ့ မော်ဒယ်တွေကို သုံးမထားဘဲ သာမန်လူတွေမှာ တွေ့ရတတ်တဲ့ အထူးသဖြင့် ဝလို့ စိတ်ညစ်နေသူတွေအတွက် ရည်ရွယ်ပြီး ခန္ဓာကိုယ် ပြည့်ဖြိုးသူတွေကို အသုံးပြုလိုက်ပါတယ်။

play

 

အခု Nike က ကြော်ငြာဓာတ်ပုံတွေထဲက ဓာတ်ပုံနှစ်ပုဒ်ကို ထုတ်ပြလိုက်ပြီး အဲဒီထဲမှာ မော်ဒယ် ပေါလီမာ အယ်လ်ဆက်ဆာနဲ့ ယောဂဆရာမ ကလယ်ရာဖောင်တိန်တို့ကို သုံးထားပါတယ်။ နှစ်ဦးစလုံးက ကျန်းမာေးလိုက်စားသူတွေဖြစ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေပါ။

ဒါပေမဲ့ အရင်မြင်နေကျ Nike ကြော်ငြာတွေနဲ့မတူဘဲ နှစ်ဦးစလုံးက ထွားကျိုင်းသူတွေ ဖြစ်ကြပါတယ်။ Nike ရဲ့ နောက်ထပ် ကြော်ငြာဓာတ်ပုံတွေမှာရော ဘယ်သူတွေကို သုံးထားမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video