International Celebrity: ဆစ်ဒနေ Nike ပွဲကို အားကစားဝတ်စုံနဲ့ ရောက်ခဲ့တဲ့ အယ်လီဂိုလ်ဒင်

ပွဲမှာပြုလုပ်တဲ့ လေ့ကျင့်ခန်းကိုလည်း ဝင်နွှဲခဲ့ပါသေးတယ်။

play

 

ကြာသပတေးနေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပြုလုပ်တဲ့ Nike+ Training Club ပွဲကို အယ်လီက ပွဲတက်ဝတ်စုံနဲ့ ခြယ်သမှုတွေမပါဘဲ ရောက်သွားခဲ့တာပါ။ ခေါင်းအစ ခြေအဆုံး အားကစားဝတ်စုံနဲ့ အသုံးအဆောင်တွေကိုသာ ဝတ်ဆင်လာခဲ့ပါတယ်။

play

 

ဆံပင်တွေကို ပိုနီတေးပုံစံ ခပ်မြင့်မြင့်စည်းနှောင်ထားပြီး ခြေသလုံးတစ်ဝက် ဘောင်းဘီနဲ့ hoodie ကို ဝတ်ထားတာ တွေ့ရပါတယ်။ ဖိနပ်ကလည်း Nike အားကစားဖိနပ်ကို စီးလာခဲ့ပြီး သူမရဲ့ ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကို ပြသခဲ့ပါတယ်။

play

အားကစားပုံမှန်လုပ်တဲ့ အဆိုတော်မလေးဟာ ပွဲမှာပြုလုပ်တဲ့ လေ့ကျင့်ခန်းကိုလည်း ဝင်နွှဲခဲ့ပါသေးတယ်။

play

 

အယ်လီဂိုလ်ဒင်ကို Nike အမှတ်တံဆိပ်က သံအမတ်အဖြစ် မနှစ်ကတည်းက ခန့်အပ်ထားခဲ့တာပါ။ ပွဲထဲမှာလည်း နာမည်ကျော်အားကစားသမားတွေနဲ့အတူ အယ်လီရဲ့ပိုစတာကိုလည်း ပြသထားခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ