International Celebrity: အင်္ဂလန်ဘုရင်မကြီးက အက်ဒီရက်ဒ်မိန်းကို OBE ဘွဲ့ပေးအပ်

The Theroy of Everything ဇာတ်ကားနဲ့ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

play

 

အကယ်ဒမီဆုရှင် အက်ဒီရက်ဒ်မိန်းကို အင်္ဂလန်ဘုရင်မကြီး အဲလစ်ဇဘက်သ် - ၂ က OBE (ဗြိတိသျှအင်ပါယာရဲ့ဂုဏ်ထူးဆောင်ဘွဲ့) ပေးအပ်လိုက်ပါတယ်။ ဘွဲ့အပ်နှင်းပွဲ အခမ်းအနားကို သောကြာနေ့က ဝင်ဒ်ဆော်မြို့က ဝင်ဒ်ဆော်ရဲတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အက်ဒီရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် ယခုဘွဲ့အပ်နှင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

play

အခမ်းအနားကို အက်ဒီရဲ့ မိဘတွေနဲ့ ဇနီးသည် ဟာနာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ Danish Girl ၊ Fantastic Beasts and Where to Find Them ဇာတ်ကားတွေနဲ့ နာမည်ကျော်တဲ့ မင်းသားဟာ The Theroy of Everything ဇာတ်ကားနဲ့ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ