play

 

Ocean's Eight ဇာတ်ကားကို အောက်တိုဘာလမှာ နာမည်ကျော်မင်းသမီးတွေနဲ့ စတင်ရိုက်ကူးတော့မယ်လို့ Warner Bros ကုမ္ပဏီက ကြေညာလိုက်ပါပြီ။ သရုပ်ဆောင်တွေထဲမှာ အဆိုတော်မလေး ရီဟားနားလည်း ပါဝင်ပါတယ်။

play

 

စန်ဒြာဘူးလော့ခ်၊ ကိတ်ဘလန့်ချတ်၊ အန်းဟက်သာဝေး၊ ဟယ်လန်နာ ဘွန်ဟမ် ကာတာ၊ မင်ဒီ ကာလင်းနဲ့ အော့ကွာဖီနာတို့နဲ့အတူ ရီဟားနားက သရုပ်ဆောင်ရမှာပါ။ အာရှ-အမေရိကန်နွယ်ဖွား အဆိုတော်သရုပ်ဆောင် နိုရာလမ်းလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

play

 

ဂျော့ကလူနေ၊ ဘရတ်ပစ်နဲ့ မတ်ဒေမွန်တို့ရဲ့ နာမည်ကျော်ဇာတ်ကား Ocean's Eleven ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ စတီဗင် ဆိုဒါဘာ့ဂ်က Ocean's Eight ကို တာဝန်ယူရိုက်ကူးဦးမှာဖြစ်ပါတယ်။

Source : Deadline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video