International Celebrity: ချယ်ရီ ပြည့်ဖြိုးလာတာ ကိုယ်ဝန်ရှိနေလို့လို့ One Direction ပရိသတ်များက ယူဆ

ချယ်ရီမှာ One Direction အဆိုတော် လီယအ်ပင်းန်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီလို့ ထင်နေကြပါတယ်။

play

 

One Direction အဆိုတော် လီယမ်ပင်းန်ရဲ့ ပရိသတ်တွေဟာ သူတို့ဘာသာ ချက်ချင်းကို ကောက်ချက်ချလိုက်တော့တာပါပဲ။

play

 

ချယ်ရီရဲ့ မျက်နှာဟာ အရင်လို ပြန်လည်ပြည့်ဖြိုးလာတာကို မြင်ရပြီးတဲ့နောက် သူမမှာ ကိုယ်ဝန်ရှိနေလို့ပဲ ဖြစ်မယ်လို့ ဆိုလိုက်ကြပါတယ်။

L'Oreal ကြော်ငြာသစ်ထဲမှာ ပုံစံပြောင်းနေတဲ့ X Factor ဒိုင်ဟောင်း ချယ်ရီဟာ ကိုယ်ဝန်ရှိနေပြီလို့ ထင်မြင်ချက်တွေ ထွက်ပေါ်လာနေပါတယ်။ သူမ ပျော်ရွှင်နေလို့ ဝနေလှနေတာလည်း ဖြစ်နိုင်တာပဲလေ။

play

 

"ချယ်ရီက လီယန်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီထင်တယ်" လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play

 

အရင်က ပြည့်ဖြိုးလှပခဲ့တဲ့ ချယ်ရီဟာ ခင်ပွန်းဟောင်း ဂျင်းဘားနက်ဒ်ဖာနန်ဒက်နဲ့ ၂၀၁၆ ခုနှစ် အစောပိုင်းကစလို့ ကွဲကွာခဲ့ပြီးတဲ့နောက် စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ပုံရပြီး ပိန်သွယ်သွားခဲ့တာဖြစ်ပါတယ်။

play

 

ချယ်ရီဟာ ၂၀၁၅ ခုနှစ်ကုန်ကတည်းက တိတ်တဆိတ်တွဲခဲ့ပုံရတဲ့ လီယမ်ပင်းန်နဲ့ မတ်လမှာ တရားဝင်တွဲခဲ့ပြီး တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာခဲ့ကာ အခုဆိုရင် အရင်အတိုင်း ပြန်လည်လှပလာတာကို တွေ့ရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ