International Celebrity: One Direction အဖွဲ့မှာရှိစဉ်က အစားအသောက် မမှန်ဖြစ်ခဲ့ရတယ်လို့ ဇေးမောလစ်ထုတ်ပြော

အရင်တုန်းက လူသိအောင် ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

play

 

ဇေးမောလစ်ရဲ့ ကိုယ်တိုင်ရေးအတ္တုပတ္တိစာအုပ် ထွက်ရှိပါပြီ။ စာအုပ်ထဲမှာ ဇေးဘဝထဲက အကြောင်းအရာတွေကို ရေးသားထားတဲ့အပြင် အဖွဲ့ဟောင်း One Direction မှာ ရှိစဉ်ကအကြောင်းတွေလည်း ပါဝင်ပါတယ်။

1D အဖွဲ့ဝင်အဖြစ် ရှိခဲ့တုန်းက အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တာကြောင့် အစားအသောက် ပုံမမှန်ဖြစ်ခဲ့ရတယ်လို့ ဇေးကရေးသားထားပါတယ်။ အဖွဲ့မှာရှိတုန်းက ပူပင်သောကလည်း များခဲ့ရပါတယ်။ ဒါကို အရင်တုန်းက လူသိအောင် ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

play

 

အစားအသောက်မူမမှန်ဖြစ်ခဲ့ပြီးနောက် ကိုယ်အလေးချိန်လည်း လျော့ကျသွားသလို နာမကျန်းလည်းဖြစ်ခဲ့ရတယ်လို့ ဇေးရဲ့စာအုပ်မှာ ဖော်ပြထားပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတဲ့အတွက် ဇေးဟာ 1D ကို စွန့်ခွာလိုက်ပုံရပါတယ်။

Source : MTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ