International Celebrity: One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းမည်

လီယမ်ပင်းန်က အတည်ပြုပြောကြားခဲ့တာပါ။

play

 

အရမ်းအောင်မြင်လှတဲ့ အမျိုးသားအဆိုတော်အဖွဲ့ One Direction ဟာ ၂၀၁၅ နှစ်ကုန်ကစလို့ ရပ်နားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က တွစ်တာ အမေးအဖြေကဏ္ဍမှာ လီယမ်ပင်းန်းကို ပရိသတ်တွေက One Direction အဖွဲ့ ရပ်နားထားခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အဓိကမေးခဲ့ကြပါတယ်။

"One Direction အဖွဲ့က ပြန်ပေါင်းစည်းဦးမှာလား" လို့ ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကို လီယမ်က "ကျွန်တော်တို့ ပြန်ပေါင်းစည်းမယ်ဆိုတာ ကျွန်တော် ရာနှုန်းပြည့်သေချာပါတယ်" လို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၁၇ ရက်နေ့က #AskLiam ကဏ္ဍမှာ One Direction ပရိသတ်အတွက် လီယမ်နဲ့ ချစ်သူ ချယ်ရီတို့ ကလေးရတော့မယ်ဆိုတဲ့ ကောလာဟလကိုလည်း တိုက်ရိုက်မေးမြန်းခွင့်ရခဲ့ပါတယ်။

လီယမ်က မေးခွန်းတွေကို ရှောင်တိမ်းခဲ့ပေမဲ့ ပျော်နေလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့မေးခွန်းကိုတော့ "အပျော်တကာ့အပျော်ဆုံးပဲ" လို့ လီယမ်က ပြန်ဖြေခဲ့ပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ် ချယ်ရီဟာ အစိမ်းရောင် သိုးမွေးဝတ်စုံဝတ်လို့ ပူထွက်လာနေတဲ့ ဗိုက်ကလေးကို ပေါ်လွင်စေကာ လီယမ်နဲ့အတူ တွဲထွက်လာတဲ့ ပြီးခဲ့တဲ့လက ကစလို့ သူမဟာ အသက် ၂၃ နှစ်အရွယ် လီယမ့်ရဲ့ ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းတွေ စတင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အခု ချယ်ရီရဲ့ ဗိုက်ကလေးဟာ ပိုမိုဆူဖြိုးလာပေမဲ့လည်း နှစ်ဦးစလုံးကတော့ အခုထိ ကိုယ်ဝန်အကြောင်းကို အတည်ပြုပြောကြားခြင်းမရှိသေးပါဘူး။

Source & Photos : Online

One Direction အဖွဲ့ကို ပြန်လည်ပေါင်းစည်းစေချင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ