International Celebrity: One Love Manchester ရှိုးပွဲမှာ မျက်ရည်ကျခဲ့တဲ့ ဂျက်စတင်ဘီဘာ

အေရီယာနာဂရန်ဒီရဲ့ရှိုးပွဲမှာပါ။

ဂျက်စတင်ဘီဘာဟာ ဇွန်လ ၄ ရက်နေ့က မန်ချက်စတာမြို့မှာ ကျင်းပတဲံ One Love ရှိုးပွဲမှာ စကားပြောရင်း မျက်ရည်တွေ ဝိုင်းလာကာ အသံတွေပါ တုန်လာခဲ့ပါတယ်။

play

 

မေလ ၂၂ ရက်နေ့က အေရီယာနာဂရန်ဒီရဲ့ရှိုးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ကလေးတွေအပါအဝင် ၂၂ ဦး သေဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဂျေဘီက Love Yourself သီချင်းကို ဂီတာတီးပြီး သီဆိုပြခဲ့ပါတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်ရှိုးပွဲကို ဂျက်စတင်ဘီဘာရဲ့သူငယ်ချင်း အေရီယာနာက ဦးဆောင်ပြီး အိုးထရက်ဖို့ဒ် ခရစ်ကတ်ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

"မိသားစုတွေကိုပြောချင်တာက ကျွန်တော်တို့ ခင်ဗျားတို့ကို သိပ်ချစ်ပါတယ်။ အခု သူတို့ကို ဂုဏ်ပြုဖို့အတွက် လက်တွေကို မြှောက်ထားကြပါ။ ကျွန်တော်တို့က သူတို့ကို ဂုဏ်ပြုတယ်လို့ပြောပါ။ သူတို့ကို ချစ်တယ်လို့ ပြောပါ"လို့ ဂျက်စတင်ဘီဘာက ပြောရင်း မျက်ရည်တွေ ဝိုင်းလာခဲ့တာဖြစ်ပါတယ်။

အရီရာနာဂရမ်ဒီရဲ့ One Love Manchester ရှိုးပွဲမှာ ဂျက်စတင်ဘီဘာ၊ ကေတီပယ်ရီ၊ Coldplay၊ မိုင်လီဆိုင်းရက်စ်၊ 1D စတား နီရဲလ်ဟိုရန်တို့အပါအဝင် နာမည်ကြီးအဆိုတော်တွေ ဖျော်ဖြေခဲ့ကြပါတယ်။

play

 

မေလ ၂၂ ရက်နေ့ညက  အဆိုတော်အေရီယာနာ ဂရန်ဒီဖျော်ဖြေခဲ့တဲ့ မန်ချက်စတာအရီနာကွင်းမှာ ဗုံးပေါက်ကွဲမှုကြောင်၂၂ ဦးသေဆုံးခဲ့ရပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ယင်းပွဲတုန်းက လာရောက်ကြည့်ရှုခဲ့သူတွေကိုတော့ ယခုရှိုးပွဲမှာ လက်မှတ်တွေ အလကားပေးခဲ့တာ ဖြစ်ပါတယ်။

Source : Daily Mail

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ